ပေကျင်းတွင် ၃ ရက်ကြာ အသွားအလာပိတ်ဆို့မည်ဆိုသောသတင်းအပေါ် တရုတ်အစိုးရ ငြင်းဆို

ပေကျင်းတွင် ၃ ရက်ကြာ အသွားအလာပိတ်ဆို့မည်ဆိုသောသတင်းအပေါ် တရုတ်အစိုးရ ငြင်းဆို

တရုတ်နိုင်ငံတွင် အဆိုးရွားဆုံး ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ရင်ဆိုင်နေရချိန်တွင် ပေကျင်း၌ ၃ ရက်ကြာ အသွားအလာပိတ်ဆို့မည်ဟူသော သတင်းနှင့်ပတ်သက်ပြီး တရုတ်အာဏာပိုင်များက ငြင်းဆိုလိုက်သည်။

ဒေသခံအများအပြားသည် စားနပ်ရိက္ခာများစုဆောင်းရန် စူပါမားကတ်များတွင် တိုးဝှေ့ဝယ်ယူလျက်ရှိပြီး အသွားအလာပိတ်ဆို့မှု ကောလာဟလများအပေါ် အာဏာပိုင်များက မေ ၁၂ ရက်က ငြင်းဆိုခဲ့သည်။

ဒေသခံများကို အိမ်၌နေရန် ညွှန်ကြားထားပြီး လာမည့် ၃ ရက်အတွင်း ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပေကျင်း၌ ကိုဗစ်-၁၉ ကူးစက်ခံရသည့် အတည်ပြုလူနာ ၃၆ ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၃၂ ဦးမှာ ၎င်းတို့ စီမံခန့်ခွဲမှုနယ်မြေများအတွင်းမှ ဖြစ်ပြီး ကျန် ၄ ဦးမှာ ထိုဧရိယာ ပြင်ပမှ ဖြစ်ကြောင်း ပေကျင်းကျန်းမာရေးအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ ဖန်းရှင်းဟောင်က ပြောသည်ဟု Global Times က ဖော်ပြသည်။

တရုတ်နိုင်ငံတွင် မေလ ၁၂ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၂ ဦးတွေ့ရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က မေလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကူးစက်မှုအသစ်များအနက် ၂၂၇ ဦးမှာ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမှဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

တရုတ်ပြည်မကြီးတွင် ရောဂါလက္ခဏာမပြသော ကိုဗစ်ကူးစက်မှု ၂ ၁၄၀ ဦးရှိပြီး ၎င်းအနက် ၁၈၆၉ ဦးမှာ ရှန်ဟိုင်းမှ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly