ရှင်ကျန်းတွင် ဝီဂါကျောင်းဆရာ ၂၀ ဦး ဖမ်းဆီးခံထားရ

By The Print
14 May 2022
ရှင်ကျန်းတွင် ဝီဂါကျောင်းဆရာ ၂၀ ဦး ဖမ်းဆီးခံထားရ

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းပြည်နယ်ရှိ တက္ကသိုလ်တစ်ခုမှ ဝီဂါကျောင်းဆရာ အယောက် ၂၀ ဖမ်းဆီးခံထားရကြောင်း RFA သတင်း၌ ဖော်ပြထားသည်။

အဖမ်းခံရသည့် ဝီဂါကျောင်းဆရာ ၂၀ ဦးတွင် မာ့စ်ခ်ဝါဒီတက္ကသိုလ်မှ တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးလည်း ပါဝင်ကြောင်း ဂူလ်ဂျာမြို့မှ သတင်းရင်းမြစ်ကို ကိုးကား၍ RFA က ဖော်ပြသည်။

မာ့စ်ခ်ဝါဒီအင်စတီကျုမှ အဗ္ဗဒူလာအစ္စမေလ်အပါအဝင် ဆရာ ၆ ဦးသည် အကျဉ်းစခန်းတွင် ထိန်းသိမ်း ခံထားရသည်။ အဗ္ဗဒူလာအစ္စမေလ်သည် ၂၀၁၈ က ပြန်ပေးဆွဲခံရပြီး လှည့်ဖျားမှုဖြင့် တရားစွဲဆိုခံထားရသည်။

အဗ္ဗဒူလာအား အကျင့်ပျက်ခြစားမှု သို့မဟုတ် ပါတီအပေါ် သစ္စာမဲ့မှုဟူသော ပြစ်ချက်များဖြင့် တရုတ်ကွန်မြူနစ် ပါတီက စွဲဆိုထားကြောင်း RFA က ဆိုသည်။

အစ္စမေလ်သည် Ili Gazette သတင်းစာအပါအဝင် သတင်းစာနှင့်မဂ္ဂဇင်းများစွာတွင် မာ့စ်ခ်ဝါဒီသီအိုရီအကြောင်း သုတေသနစာတမ်းများစွာ ရေးခဲ့သည်။

တရုတ်က ဝီဂါများအပေါ် ဖြိုခွင်းမှု အရှိန်မြှင့်လာသည့် ၂၀၁၇ ခုနှစ်တွင် အစ္စမေလ်သည် သံသယရှိသူစာရင်း၌ ပါဝင်ခဲ့သည်။

အစ္စမေလ်သည် ရာဇဝတ်မှုစွဲချက်များစွာဖြင့် တရားစွဲဆိုခံထားရကြောင်း RFA ၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly