“ရဝမ်ဒါနိုင်ငံမှာ MRND၊ မြန်မာနိုင်ငံမှာ USDP”(ဆောင်းပါး)

14 May 2022
“ရဝမ်ဒါနိုင်ငံမှာ MRND၊ မြန်မာနိုင်ငံမှာ USDP”(ဆောင်းပါး)

မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ ကြံ့ဖွံ့အသင်းကြီး နဲ့ကြံ့ဖွံ့ပါတီ(USDA/USDP)ကို အာဖရိကတိုက်ရှိ ရဝမ်ဒါ(Rwanda)နိုင်ငံရဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဟူတူစစ်ဗိုလ်ချုပ်ကြီး ဟာဗီယာမန်နာ (Habyaimana) ဖွဲ့စည်းထူထောင်ခဲ့တဲ့ (MRND / Movement Re’volu- tionnaire Pourle De’veloppement)လို စစ်တပ်လက်ကိုင်တုတ် နိုင်ငံရေးအင်အားစုမျိုးဖြစ်လာအောင် အစီအစဉ်ရှိရှိနဲ့ နှစ်ရှည်လများ အချိန်ယူပြီး လေ့ကျင့်တည်ဆောက်လာခဲ့တာ ဖြစ်ပါတယ်။
ရဝမ်ဒါပြည်တွင်းစစ်ကာလ ၁၉၇၃ခုနှစ် ဇူလိုင်လအတွင်း စစ်အာဏာ သိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟာဗီယာမန်နာက သူ့အစိုးရရဲ့ လူမှုရေးနဲ့ နိုင်ငံရေး လုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့ဆိုပြီး MRND အဖွဲ့ကြီးကို ၁၉၇၅ ခုနှစ်အတွင်းမှာ စတင်ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly