တရုတ်အစိုးရက ပေကျင်းမြို့တွင် ယာယီဆေးရုံများ တည်ဆောက်နေ

တရုတ်အစိုးရက ပေကျင်းမြို့တွင် ယာယီဆေးရုံများ တည်ဆောက်နေ

တရုတ်အစိုးရသည် ကိုရိုနာဗိုင်းရပ်နောက်ဆုံးကူးစက်မှုပြန်လည်မြင့်တက်လာခြင်းကို ရင်ဆိုင်ရန် ယာယီဆေးရုံများ ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုအချိန်အထိ ပေကျင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများအတွက် ကုတင် ၄၀ဝဝ ခန့်ကို သီးသန့်ထားရှိ ထားပြီး လိုအပ်ပါက နေရာအများအပြားကို ယာယီဆေးရုံများအဖြစ် ပြောင်းလဲထားကြောင်း ပေကျင်းမြူနီ စီပယ်ကျန်းမာရေးကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး လီအန်းက ပြောကြားခဲ့သည်။

နောက်ဆုံးအမျိုးအစား ခွဲခြားသတ်မှတ်မှုများကြောင့် ပေကျင်းမြို့တွင် ကူးစက်မှုအန္တရာယ်မြင့်မားသော ဒေသ စုစုပေါင်း ၆ ခုနှင့် အန္တရာယ်အလယ်အလတ်ရှိ ဧရိယာ ၂၃ ခုထိ ရှိလာကြောင်း ဒေသတွင်း ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

ဆင်ဟွာ၏ အဆိုအရ ဧပြီလ ၂၂ ရက်မှ စတင်ကာ ခရိုင် ၁၃ ခုတွင် ပြည်တွင်းကူးစက်မှု ၂၉၅ ခုရှိလာသည်။

တရုတ်တွင် ၂ နှစ်အတွင်း အဆိုးရွားဆုံးကိုဗစ်-၁၉ ဖြစ်ပွားမှုကို ပေကျင်းမြို့အာဏာပိုင်များ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် အာဏာပိုင်များအပေါ် လူထု၏ မယုံကြည်မှုနှင့် အစိုးရကို ဒေါသထွက်စေခဲ့သည်။

ပေကျင်းမြို့တွင် မရှိမဖြစ်လိုအပ်သော လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းပြီးနောက် အထိတ်တလန့်ဝယ်ယူမှုများ စတင်ခဲ့သည်။

ကိုဗစ်ပိတ်ဆို့ကန့်သတ်ခြင်းက တရုတ်၏ စီးပွားရေးကို ထိခိုက်စေခဲ့သည်။ ဧပြီ ၃၀ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရစစ်တမ်းများအရ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required