Weibo အကောင့်များတွင် ပြောဆိုခြင်းများ လုံခြုံမှုမရှိသဖြင့် တရုတ် ဘီလျံနာများက အကောင့်များကို ရှင်းလင်းမှု ပြုလုပ်

Weibo အကောင့်များတွင် ပြောဆိုခြင်းများ လုံခြုံမှုမရှိသဖြင့် တရုတ် ဘီလျံနာများက အကောင့်များကို ရှင်းလင်းမှု ပြုလုပ်

တရုတ်ဘီလျံနာများဖြစ်သည့် Lenovo အုပ်စုကို တည်ထောင်သူ လျှိုချွမ်ကျီနှင့် 'Didi Chuxing' ၏ ဥက္ကဌ လျှိုချင်းအပါအဝင် ထင်ရှားသူများသည် ၎င်းတို့၏ Weibo အကောင့်များတွင် လွန်ခဲ့သည့် ၆ လအတွင်း အသုံးပြုခဲ့သည့်အကြောင်းအရာများကိုသာ မြင်ရအောင် ရှင်းလင်းလိုက်ကြသည်။

တရုတ်မိုက်ခရိုဘလော့ဂ်ပလပ်ဖောင်းတစ်ခုဖြစ်သည့် Weibo သည် တရုတ်တွင် အသုံးပြု၍မရသော Twitter အစား အခြားရွေးချယ်စရာအဖြစ် တရုတ်တွင် တွင်တွင်ကျယ်စွာအသုံးပြုကြသည်။

အကောင့် ရှင်းလင်းသူများတွင် ByteDance တည်ထောင်သူ ကျန်းယိမင်းနှင့် Meituan တည်ထောင်သူ ဝမ်ရှင်းတို့အပါအဝင် အခြားသော နာမည်ကြီး တရုတ်ဘီလျံနာအများအပြားပါဝင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထင်ရှားသော နာမည်ကျော်ပုဂ္ဂိုလ်အများအပြား ရုတ်တရတ် အကောင့်များရှင်းလင်းမှုကြောင့် နည်းပညာစွန့်ဦး တီထွင်လုပ်ငန်းရှင်ကြီးများသည် တစ်စုံတစ်ခုကို ကြောက်ရွံ့နေကြသည်ဟု တရုတ် လူမှုမီဒီယာတွင် ထင်ကြေး ပေးနေကြသည်။

လူမှုမီဒီယာများသည် ကောင်းမွန်သောပြည်သူ့ဆက်ဆံရေး(PR) နည်းလမ်းများဟု ယူဆကြပြီး နည်းပညာလောက၏ ထိပ်တန်းပုဂ္ဂိုလ်များက ၎င်းတို့၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် များကို ဆွေးနွေးရန် အသုံးပြုနေကြသည်ဟု သတင်းက ဆိုသည်။

သို့သော် ထိရှိလွယ်သည့် အချိန်ဖြစ်ကြောင်းနှင့် လူသိရှင်ကြားပြောဆိုရန် အန္တရာယ်ရှိသည်ကို သိမြင်သော ကြောင့် ၎င်းတို့အားလုံးက လူမှု်မီဒီယာအသုံးပြုမှုကို စွန့်လွှတ်လိုက်ခြင်းဖြစ်နိုင်သည်။ 

ခွဲထွက်ရေး လှုံ့ဆော်မှု၊ နိုင်ငံတော်အာဏာကို အဖျက်အမှောင့် လှုံ့ဆော်မှုနှင့် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ် ဖြစ်စေသည့် လှုပ်ရှားမှုများကို လုပ်ဆောင်ရန် အင်တာနက် အသုံးပြုခဲ့သည်ဟု သံသယရှိသဖြင့် “မား” နာမည်ပါသူတချို့ကို ဟန်ကျိုးပြည်နယ် လုံခြုံရေးဗျူရိုက ရာဇဝတ်မှုနှင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း CCTV ရုပ်သံလိုင်းက မေ ၃ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဟန်ကျိုးမြို့သည် Alibaba Group နှင့် Ant Group နှစ်ခုလုံး၏ ရုံးချုပ်များတည်ရှိပြီး ဂျက်မားပိုင်ဆိုင်သည့် ကုမ္ပဏီ ၂ ခုလုံး၏ ရုံးချုပ်ဖြစ်သောကြောင့် ယင်းသတင်းသည် Alibaba Group တည်ထောင်သူ ဂျက်မားနှင့် ဆက်စပ်နေကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly