ကိုဗစ်ပိတ်ဆို့ကန့်သတ်မှုများကြောင့် တရုတ်စီးပွားရေး ဒုတိယအကြိမ်အဆိုးရွားဆုံး ကျဆင်းသွား

ကိုဗစ်ပိတ်ဆို့ကန့်သတ်မှုများကြောင့် တရုတ်စီးပွားရေး ဒုတိယအကြိမ်အဆိုးရွားဆုံး ကျဆင်းသွား

တရုတ်၏ ကြီးမားသော ဝန်ဆောင်မှု ကဏ္ဍသည် ဒုတိယအကြိမ်အဖြစ် အလျင်မြန်ဆုံးနှုန်းဖြင့် စံချိန်တင် ကျဆင်းသွားသလို ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများသည်လည်း စီးပွားရေးကိုထိခိုက်စေခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်တွင် စီးပွားရေးလုပ်ငန်းများသည် စွမ်းအင်နှင့် ကုန်ကြမ်း စရိတ်များ မြင့်တက်လာတို့ကြောင့် ရုန်းကန်နေရပြီး ကိုဗစ်ပိတ်ဆို့မှုများကြောင့် လုပ်ငန်းဆောင်တာ များကို ပိုမိုခက်ခဲစေကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်၏ စီးပွားရေးအခြေအနေကို အကဲဖြတ်ရန် အနီးကပ်စောင့်ကြည့်နေသည့် Caixin ဝယ်ယူမှု မန်နေဂျာများအညွှန်းကိန်းသည် မတ်လတွင် ၄၂ မှတ်မှ ဧပြီလတွင် ၃၆ ဒသမ ၂ မှတ်သို့ ကျဆင်းသွား ခဲ့ကြောင်း IHS Markit မှ မေ ၅ရက်က ထုတ်ပြန်သောစစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။

အမှတ် ၅၀ အောက်သို့ ရောက်ရှိခြင်းသည် စီးပွားရေးတိုးတက်မှု ကျဆင်းသွားခြင်းဖြစ်ပြီး အဆိုပါအညွှန်းကိန်း၏ အထက်တွင် ရှိခြင်း ကို တိုးတက်ခြင်းဟု သတ်မှတ်သည်။

ဝူဟန်မြို့မှ အစပြုသော ကနဦးကိုရိုနာ ဗိုင်းရပ်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးစားနေချိန်တွင် တရုတ် စီးပွားရေး သည် ရပ်တန့်လုနီးပါး အခြေအနေ သို့ရောက်ရှိခဲ့သည့် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလတွင် စီးပွားရေး ကျဆင်းပြီးနောက် ဧပြီလက ဝန်ဆောင်မှုလုပ်ငန်းများ ၆ မှတ်နီးပါးကျဆင်းမှုသည် ဒုတိယအကြိမ်ဖြစ်သည်။ 

ယင်းလတွင် Caixin ဝန်ဆောင်မှု PMI အညွှန်းကိန်းသည် ဇန်နဝါရီလတွင် ၅၁ ဒသမ ၈ မှ ၂၆ ဒသမ ၅ သို့ ကျဆင်းသွားခဲ့သည်။

ဝန်ဆောင်မှုကဏ္ဍသည် တရုတ် GDP ၏ ထက်ဝက်ကျော်နှင့် အလုပ်အကိုင်ပေးထားမှုနှုန်း ၄၀ ရာခိုင်နှုန်း ကျော်ရှိသည်။

တရုတ်ကုန်ထုတ်လုပ်မှုကဏ္ဍသည်လည်း ဧပြီလတွင် ကျုံ့သွားကြောင်း ဖော်ပြခဲ့ပြီး ကမ္ဘာဒုတိယအကြီးဆုံး စီးပွားရေးသည် ဧပြီလတွင် ကျဆင်းသွားခဲ့ကြောင်း စစ်တမ်းများက ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly