နမ့်ခမ်းတွင် တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်က ရိက္ခာဖိုးငွေ ကျပ်သိန်း ၆၀၀ ခန့် ထုတ်ယူထွက်ပြေး

နမ့်ခမ်းတွင် တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်က ရိက္ခာဖိုးငွေ ကျပ်သိန်း ၆၀၀ ခန့် ထုတ်ယူထွက်ပြေး

မေ ၁၀

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မန်တပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း (၁၄၄) မှ တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်သည် ၎င်းတို့တပ်ရင်း၏ ရိက္ခာဖိုးငွေများထုတ်ယူကာ ထွက်ပြေးသွား ကြောင်း သိရသည်။

ထွက်ပြေးသွားသူနှစ်ဦးမှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရာဇာမင်းနှင့် တပ်ရေးဗိုလ် အောင်ဆန်းဦးတို့ဖြစ်ပြီး ဧပြီလ ၂၀ ရက်က ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

၎င်းတို့နှစ်ဦးသည် CDM လုပ်ခြင်းမဟုတ်ဘဲ ရိက္ခာဖိုးငွေ ထုတ်ယူကာထွက်ပြေးခြင်းသာဖြစ်ပြီး မည်သည့် နေရာတွင် သွားရောက်ခိုလှုံသည်ကို မသိရကြောင်း ၎င်းကဆိုသည်။

ထုတ်ယူသွားသည့် တပ်ရင်းအတွက် တစ်လစာရိက္ခာငွေမှာ ကျပ်သိန်း ၆၀၀ ခန့်ရှိကြောင်းလည်း သိရ သည်။

ဧပြီလ ၄ ရက်ကလည်း ရှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ တပ်စခန်းကုန်းရှိ စစ်ကောင်စီတပ်ရင်း(၂၅၂)မှ တပ်သား လေးဦး ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည်။

#Mizzima

#ရှမ်းပြည်မြောက်ပိုင်း

#နမ့်ခမ်းမြို့နယ်

#မန်တပ်ကျေးရွာ

#တပ်ရင်းမှူးနှင့်တပ်ရေးဗိုလ်တို့ထွက်ပြေး

ပုံစာ-၂၀၂၁ ဖေဖော်ဝါရီလက လားရှိုးမြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required