ကိုဗစ်ထိန်းချုပ်ရေး ပိတ်ဆို့မှုများကြောင့် တရုတ် စက်မှုလုပ်ငန်း ထိခိုက်

ကိုဗစ်ထိန်းချုပ်ရေး ပိတ်ဆို့မှုများကြောင့် တရုတ် စက်မှုလုပ်ငန်း ထိခိုက်

ကိုဗစ်ကပ်ရောဂါဆိုင်ရာ ပိတ်ဆို့ ထိန်းချုပ်မှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ စက်မှု ကုန်ထုတ်လုပ်မှု လုပ်ငန်းကို ထိခိုက်စေခဲ့ကာ ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်များကို အဟန့်အတား ဖြစ်စေခဲ့ကာ ဧပြီလအတွင်း လုပ်ငန်းများ သိသာစွာ ကျဆင်းခဲ့ရာ ဒုတိယ ၃ လပတ်တွင် စီးပွားရေးကျဆင်းကာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် သက်ရောက်လာနိုင်သည်။

ကုန်ထုတ်လုပ်မှုဆိုင်ရာ တရားဝင် အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်သည့် Purchasing Managers' Index ၌ မတ်လတွင် ၄၉ ဒသမ၅ ရှိရာမှ ဧပြီတွင် ၄၇ ဒသမ ၄ သို့ ကျဆင်းခဲ့ကာ ဒုတိယမြောက်လအဖြစ် ဆက်တိုက် ကျဆင်းခြင်း ဖြစ်ကြောင်း နိုင်ငံတော် စာရင်းအင်း ကိန်းဂဏန်း (NBS ) များတွင် ဖော်ပြထားသည်။ ယင်းအခြေအနေသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိခြင်း ဖြစ်သည်။

ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ရန် မြို့တော်ရှန်ဟိုင်းကဲ့သို့ နေရာများတွင် ပိတ်ဆို့ ကန့်သတ်မှုများ တိုးမြှင့် လုပ်ဆောင်လိုက်ခြင်းကြောင့် ဝန်ဆောင်မှုလုပ်ငန်းများကို ထိခိုက်ကာ စီးပွားရေးကိုလည်း ကျဆင်းစေခဲ့သည်။

စက်မှုလုပ်ငန်းသည်လည်း ၂၆ လအတွင်း အဆိုးဆုံးထိုးစိုက်ကျသွားခဲ့ကြောင်း ပုဂ္ဂလိက လုပ်ငန်းများကို သုံးသပ်သည့် Caixin စစ်တမ်းတွင် ဖော်ပြထားသည်။ ပို့ကုန်ကဏ္ဍတွင်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လနောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။

“အချို့ကုမ္ပဏီတွေအနေနဲ့ အဓိက ကုန်ကြမ်းပစ္စည်းတွေနဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ရရှိဖို့၊ ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချဖို့နဲ့ ပစ္စည်းတွေ အများအပြား စုပုံမှုတွေ ဖြစ်လာပါတယ်” ဟု NBS က ဖော်ပြထားသည်။

ပြည်သူသန်းပေါင်းများစွာ အိမ်ထဲတွင် နေရခြင်းကြေင်း ဝယ်ယူမှုတွင် ထိခိုက်လာပြီး တိုးတက်မှုအတွက် ခန့်မှန်းခြေ ကျဆင်းလာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly