တရုတ်ဝန်ကြီးချုပ် လီခါ့ချင်က မကြာသေးမီက ကိုရိုနာဗိုင်းရပ်ကြောင့် အလုပ်အကိုင်ဖန်တီးရာတွင် စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်ရကြောင်း ဝန်ခံခဲ့ပြီး ၂၀၂၂ခုနှစ်တွင် စံချိန်တင် တက္ကသိုလ်ဘွဲ့ရ ၁၀ ဒသမ ၆ သန်း အပါ အဝင် အလုပ်သစ်ရှာဖွေသူ စုစုပေါင်း ၁၆ ဒသမ ၆ သန်းအထိ ရှိနိုင်ကြောင်း ပြောကြားလိုက်သည်။
အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ အဆိုအရ တရုတ်မြို့ပြဒေသများတွင် အလုပ်လက်မဲ့နှုန်းသည် ဖေဖော် ဝါရီလမှ မတ်လအတွင်း ဝ ဒသမ ၁ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။
အသက် ၁၆နှစ်မှ ၂၄နှစ်ကြားရှိသူများတွင် ဧပြီလတွင် အလုပ်လက်မဲ့နှုန်းသည် ၁၆ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီတွင် ၁၅ ဒသမ ၃ ရာခိုင်နှုန်းနှင့် ပြီးခဲ့သော ဒီဇင်ဘာလတွင် ၁၄ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည် ဟု Asia Times က ဖော်ပြခဲ့သည်။
NBS အစီရင်ခံစာအပြီးတွင် လီသည် မေ ၄ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်ကောင်စီ အမှုဆောင် အစည်း အဝေးတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ချိန်၌ တရုတ်မြို့ပြအလုပ်လက်မဲ့နှုန်းကို ၂၀၂၂ခုနှစ်တွင် ပျမ်းမျှ ၅ ဒသမ ၅ ရာခိုင်နှုန်းအောက် ဆက်လက်ထိန်းထားရန် လျာထားခဲ့သည်။
သို့သော် မကြာသေးမီက ဖြစ်ပွားခဲ့သော ဗိုင်းရပ်စ်ကြောင့် တရုတ်သည် အလုပ်အကိုင်ဖန်တီးရာတွင် အခက် အခဲများ၊ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရကြောင်း ၎င်းက ဝန်ခံခဲ့သည်။
၂၀၂၂ခုနှစ်တွင် အလုပ်သစ်ရှာဖွေသူ စုစုပေါင်း ၁၆ ဒသမ ၆ သန်းရှိမည်ဖြစ်ပြီး စံချိန်တင် တက္ကသိုလ်ဘွဲ့ရ ၁၀ ဒသမ ၆ သန်းလည်းပါဝင်သည်ဟု ၎င်းက ဆိုသည်။
အစိုးရက မြို့ကြီးများတွင် ကျေးလက်မှ ရွှေ့ပြောင်း အလုပ်သမား သန်း ၃၀ဝ နီးပါးအတွက် အလုပ်အကိုင် ရရှိရေးကိုလည်း ဆောင်ရွက်ပေးမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်၏ ၂၀၂၂ခုနှစ် GDP အတွက် ခန့်မှန်းချက်ကို Morgan Stanley က မေလ ၃ရက်တွင် ၄ ဒသမ ၆ရာခိုင်နှုန်းမှ ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့သည်။
မြို့များပိတ်ဆို့ကန့်သတ်မှုများကြောင့် တရုတ်၏ GDP သည် ဒုတိယသုံးလပတ်တွင် ဝ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိသည်။