ပြင်သစ်တွင် ဗလီများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ဖြိုချဖျက်ဆီးခံရ

ပြင်သစ်တွင် ဗလီများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ဖြိုချဖျက်ဆီးခံရ

ပါရီ၊ ဖေဖော်ဝါရီ ၂ ။              ။ ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ ဒုက္ခသည်များ အသုံးပြုနေသော ယာယီဗလီတစ်ခုနှင့် ဘုရားရှိခိုးကျောင်းတစ်ခုကို အာဏာပိုင်များက ဖြိုချဖျက်ဆီးလိုက်သည်။ ဖေဖော်ဝါရီ ၁ က ဆီးရီးယား၊ ဆူဒန်နှင့် အခြားနိုင်ငံများမှ ခိုလှုံခွင့်ရှာဖွေသူ ထောင်ပေါင်းများစွာ ခိုလှုံနေသော ကာလိုက်စ်ဆိပ်ကမ်းမြို့ရှိ ကာလိုက်စ်စခန်းတွင် ဖြိုချမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖြိုချရခြင်းမှာ စခန်း၏ ပတ်ပတ်လည် မီတာ၁၀၀ကို လုံခြုံရေးဇုန်နှင့် အနီးတွင် မော်တော်ကားလမ်းပြုလုပ်ရန်တို့အတွက်ဖြစ်သည်ဟု ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။ ဖြိုချမှုကြောင့် ဒုက္ခသည်များနှင့် လှုပ်ရှားတက်ကြွသူများ ထိတ်လန့်သွားခဲ့သည်။ ရှိခိုးဝတ်ပြုသည့်နေရာများမှာ အစိုးရအာဏာပိုင်များက အစောပိုင်းက ဖော်ထုတ်ခဲ့သည့် ဖျက်ဖျမည့် အစီအစဉ်များတွင် မပါဝင်ခဲ့ဟု လေ့လာသူများက ပြောသည်။

ဘုရားရှိခိုးကျောင်းမှာ ဖျက်ချခံရမှုမှ ကင်းလွတ်သည်ဟု အာဏာပိုင်များက ၎င်းအားပြောကြားခဲ့ကြောင်း ဖျက်ဆီးခံရသည့် ဘုရားရှိခိုးကျောင်း၏ အကြီးအကဲ ဆရာတော် တေဖေရီရှူရီမိုက ဒေသခံ သတင်းထောက်များကို ပြောသည်။ "သူတို့က ငြိမ်းချမ်းမှုကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ"ဟု ၎င်းကပြောသည်။ နောက်ထပ်ဘုရားရှိခိုးကျောင်းတစ်ခုကို ဆောက်မည်ဟုလည်း ၎င်းက ကတိပြုသည်။

ကာလိုက်စ်စခန်းကို ဒုက္ခသည် ၅,၀၀၀ခန့်က အသုံးပြုနေသည်။ ယင်းဒုက္ခသည်များက ယူကေသို့ သွားချင်နေသည်။ ပြင်သစ်အာဏာပိုင်များက ဂရုမစိုက်သဖြင့် ဆိုင်များ၊ ကျောင်းများနှင့် ဝတ်ပြုရာနေရာ များကို ကိုယ်တိုင်တည်ဆောက်ရခြင်းဖြစ်သည်ဟု ဒုက္ခသည်တို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly