အာဖဂန်နစ္စတန်တွင် Eid-ul-Fitr ပွဲတော်ကာလအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်

အာဖဂန်နစ္စတန်တွင် Eid-ul-Fitr ပွဲတော်ကာလအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်

အာဖဂန်နစ္စတန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ အမြင့်မြတ်ဆုံးလ ဖြစ်သည့် ရမ်ဇာန်လ (ဥပုသ်)လ ကုန်ဆုံးသည့် အထိမ်းအမှတ်အဖြစ် Eid-ul-Fitr ပွဲတော်ကျင်းပစဉ် နိုင်ငံ၌ ပြည်သူသိန်းချီတို့သည် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၏ အနောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် တာဝါတိုင်နှစ်ခု ပေါက်ကွဲမှုဖြစ်ပြီးနောက် ယင်းနိုင်ငံ၏ ပြည်နယ် ၁၁ ခု ရှိ ပြည်သူများသည် ဓာတ်အား ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပါကစ္စတန် နေ့စဉ် သတင်းစာတစ်စောင်က ဖော်ပြသည်။
ဓာတ်အားလိုင်း တာဝါတိုင်များ ဖောက်ခွဲခံရမှု ဖြစ် စဉ်များတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသည့် လူ ၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲများက ပြောသည်။

ယခုနှစ် အစောပိုင်းကလည်း လျှပ်စစ်မီး မရရှိမှုကြောင့် အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်၌ စက်ရုံအများအပြားကို ပိတ်ထားခဲ့ရသည်။

ယင်းနိုင်ငံတွင် ယမန်နှစ် ဩဂုတ်လလယ်က တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အားပေးမှု စီမံကိန်း အများအပြားကို  ရပ်ဆိုင်းထားခဲ့ရသည်။ အာဖဂန်နစ္စတန်သည် ယင်း၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် အဓိကအားဖြင့် အလယ်အာရှ
နိုင်ငံများအပေါ် မှီခိုနေရသည်။

ဇန်နဝါရီလအစောပိုင်းက ဥဇဘတ်ကစ္စတန်နိုင်ငံသည် အာဖဂန်နစ္စတန်သို့ လျှပ်စစ် တင်သွင်းမှုကို လျှော့ချခဲ့သည့်အတွက် အာဖဂန်ပြည်နယ်များ၌ လျှပ်စစ်ဓာတ်အားပေးမှုအပေါ် အလျဉ်ပြတ်တောက်မှုတစ်ခုကို ဖြစ်စေခဲ့သည်။ ဒေသ၌ အကြီးအကျယ် ဓာတ်အား ပြတ်တောက်မှုတစ်ခု
ဖြစ်ပေါ်ခဲ့စဉ် ဥဇဘတ်ကစ္စတန်က အာဖဂန်နစ္စတန်သို့ လျှပ်စစ် တင်ပို့မှုကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required