ကိုဗစ်ရောဂါပြန်လည်ဖြစ်ပွားမှုကြောင့် ရှန်ဟိုင်း ကောလိပ်များနှင့် အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲများ ရက်ရွှေ့ဆိုင်း

ကိုဗစ်ရောဂါပြန်လည်ဖြစ်ပွားမှုကြောင့် ရှန်ဟိုင်း ကောလိပ်များနှင့် အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲများ ရက်ရွှေ့ဆိုင်း

ရှန်ဟိုင်းမြူနီစီပယ်အစိုးရသည် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလာမှုကြောင့် မြို့တွင်းရှိ ကောလိပ်များနှင့် အထက်တန်းကျောင်း  ဝင်ခွင့်စာမေးပွဲရက်များကို ၁ လ ရွှေ့ဆိုင်းလိုက်ကြောင်း မေ ၇ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

ဇူလိုင် ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည့် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းသားပေါင်း ၅၀ ၀၀၀ ကျော် ဖြေဆိုမည်ဖြစ်သလို ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲတွင်လည်း နောက်ထပ် ကျောင်းသားပေါင်း ၁၁၀ ၀၀၀ ဖြေဆိုမည်ဖြစ်သည်။ 

ရူပဗေဒနှင့်ဓာတုဗေဒ လက်တွေ့ စာမေးပွဲများနှင့် ဘာသာစကားနားထောင်မှုစွမ်းရည်စာမေးပွဲများကိုလည်း ပယ်ဖျက်လိုက်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ရှန်ဟိုင်းရှိ မူလတန်းနှင့်အလယ်တန်းကျောင်းအားလုံးကို မတ် ၁၂ ရက်မှစ၍ အွန်လိုင်းသင်ကြားရေးစနစ်သို့ ပြောင်းလဲခဲ့ပြီး သူငယ်တန်းနှင့် မူကြိုကျောင်းများကို ပိတ်ထားကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ၌ မေ ၆ ရက် ဒေသတွင်းကူးစက်သည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၅ ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ရှန်ဟိုင်းမှ ၂၅၃ ဦးပါဝင်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ပြီးနောက် ယခုညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံ့စီးပွားရေးကို ဆိုးဆိုးရွားရွားထိခိုက်နေသော်လည်း သမ္မတရှီကျင့်ဖျင်က မူဝါဒပြောင်းရန် ငြင်းဆန်နေသောကြောင့် ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် အငြင်းပွားဖွယ် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆက်လက် ကျင့်သုံးဆဲဖြစ်သည်။

အိုမီခရွန်မျိုးကွဲကြောင့်ဖြစ်သော ကိုဗစ်ကူးစက်မှုနှင့်အတူ တရုတ်သည် ကုန်စည်ပို့ဆောင်ခနှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှုတို့ကို သက်ရောက်စေမည့် အဆိုးရွားဆုံးရောဂါဖြစ်ပွားမှုကို ရင်ဆိုင်ရလျက်ရှိသည်ဟု ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly