ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် ဟောင်ကောင် အနိမ့်ဆုံးသို့ ကျဆင်း

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် ဟောင်ကောင် အနိမ့်ဆုံးသို့ ကျဆင်း

ဟောင်ကောင်တွင် အာဏာပိုင်များက ယခုပိတ်သိမ်းခံထားရသော Apple Daily သတင်းစာကို“လိမ်လည်မှု” ဖြင့် တရားရုံးတွင်  တရားစွဲဆိုထားခြင်းကြောင့် ဟောင်ကောင်သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း တွင် အဆင့် ၁၄၈ သို့ ကျဆင်းသွားခဲ့သည်။

ပါရီမြို့အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) က ဟောင်ကောင်၏ အညွှန်းကိန်းသည် ၂၀၂၂ခုနှစ်အတွင်း အဆင့် ၆၈ ဆင့် ကျဆင်းသွားခြင်းဖြစ်ပြီး တရုတ်အစိုးရက ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁ရက်တွင် ပြင်းထန်သော အမျိုးသား လုံခြုံရေးဥပဒေဖြင့် ဒီမိုကရေစီလိုလားသော မီဒီယာများကို နှိမ်နင်းမှုများ ဆက်လက် ဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ သတင်းစာလွတ်လပ်ခွင့်ကျဆင်းသွားခြင်းဖြစ်သည်။

"ဒါက ဒီနှစ်အတွင်း အကြီးမားဆုံး ကျဆင်းမှုပဲ၊ ဟောင်ကောင်မှာ သတင်းလွတ်လပ်ခွင့်အပေါ် တသ မတ် တည်း တိုက်ခိုက်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှု တဖြည်းဖြည်းပျောက်ကွယ်မှုတွေကြောင့် အခုလို ကျဆင်းသွားရတာပါ'' ဟု RSF ၏ အရှေ့အာရှ ဗျူရိုအကြီးအကဲ စီထရစ် အယ်လ်ဗီရာနီအား
ကိုးကား၍ AFP က ဖော်ပြခဲ့သည်။

“ပြီးခဲ့တဲ့နှစ်မှာ သတင်းသမားတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ လုပ်ရပ်ကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အမျိုးသားလုံခြုံရေးဥပဒေသည် အစိုးရ၏ နိုင်ငံရေးပြိုင်ဘက်များကို ပစ်မှတ်ထားရန် အစပိုင်းတွင် အသုံးပြု ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းအာဏာကို လွတ်လပ်သောမီဒီယာအဖွဲ့အစည်းများကို အသုံးပြုလာခဲ့ပြီး Next Media နှင့် Stand News တို့၏ မိခင်ကုမ္ပဏီဖြစ်သော ဂျေမီလိုင်၏ Apple Daily ကို ဖိအားပေး ပိတ်ပစ်ခဲ့သည်။

''တစ်ချိန်က သတင်းလွတ်လပ်ခွင့်၏ ခံတပ်တစ်ခုဖြစ်သည့် ဟောင်ကောင်တွင် လွတ်လပ်သော အသံများကို တိတ်ဆိတ်စေရန် ရည်ရွယ်သည့် အမျိုးသားလုံခြုံရေးဥပဒေအား တရုတ်က ပြဌာန်းခဲ့သည့် ၂၀၂၀ပြည့်နှစ်မှ စ၍ မကြုံစဖူးသောဆုတ်ယုတ်မှုကို တွေ့ခဲ့ရသည်'' ဟု RSF ၏
ဟောင်ကောင်သတင်းတွင် ဖော်ပြထားသည်။

“၁၉၉၇ ခုနှစ် တရုတ်သို့ လွှဲပြောင်းပေးကတည်းက မီဒီယာအများစုက အစိုးရ ဒါမှမဟုတ် တရုတ်လိုလားတဲ့ အုပ်စုတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားခဲ့တယ်” ဟု ယင်းက ဆိုသည်။

''အသေးစားမီဒီယာအများအပြား၏ လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းထားချိန်တွင် ၂၀၂၁ခုနှစ်တွင် အဓိက အမှီအခိုကင်းသော သတင်းများဖြစ်သည့် Apple Daily နှင့် Stand News တို့ကို တရားဥပဒေဆိုင်ရာ အန္တရာယ်များကို ကိုးကား၍ အတင်းအကျပ် ပိတ်ပစ်ခဲ့သည်။''

ဟောင်ကောင်အစိုးရသည် ယခုအခါ လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ညွှန်ကြားမှုကို တိုက်ရိုက်ရယူနေပြီး ယင်း၏ ဝါဒဖြန့်မှုကို ပွင့်ပွင့်လင်းလင်း ထောက်ခံနေကြောင်း RSF က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly