တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံက ဒေသခံများနှင့် ကင်းကွာစေပြီး တရုတ်၏ အကျိုး စီးပွားကိုသာ မြှင့်တင်ပေးနေ

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံက ဒေသခံများနှင့် ကင်းကွာစေပြီး တရုတ်၏ အကျိုး စီးပွားကိုသာ မြှင့်တင်ပေးနေ

ပါကစ္စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂယ်ဂျစ်-ဘယ်လ်တစ်တန်တွင် ကြီးမားသော စီမံကိန်းများကို တရုတ်က ဆက်လက်လုပ်ဆောင်နေချိန်တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) သည် ဒေသတွင်းတွင် တရုတ်၏ အကျိုးစီးပွားကိုသာ မြှင့်တင်နေသဖြင့် တရားမဝင်သိမ်းပိုက်ထားသော ယင်းဒေသမှ လူများနှင့် ကင်းကွာစေ သည်ဟု ဒေသဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ အန္တရာယ်ရှိသည်ဟုယူဆရသည့် တရုတ်ချေးငွေများ၏ စီးပွားရေးသဘောသဘာဝကြောင့် CPEC ကို ပြန်လည် စစ်ဆေးနေသည်။

ယင်းဒေသ၏ မြေယာနှင့် သယံဇာတများကို အကြီးအကျယ်အသုံးချပြီး၊ ဂယ်ဂျစ်-ဘယ်လ်တစ်တန်တွင် ရွာမြေများကို အတင်းအဓမ္မ သိမ်းပိုက်ခြင်းနှင့် ၎င်းတို့၏ သဘာဝကြွယ်ဝမှုများကို လုယူသည့်အတွက် နေ့စဉ် နှင့် အမျှ ဆန္ဒပြပွဲများကို ဆက်လက်ဖြစ်ပွားနေသည်။

အဆိုပါ စီမံကိန်းများ၏ အမြတ်ထုတ်ခြင်းသဘောသဘာဝနှင့် ယင်းတို့သည် ပါကစ္စတန်မှ အခြေချ နေထိုင်သူများကို ခေါ်ဆောင်လာခြင်းက လာမည့်နှစ်များအတွင်း ဒေသတွင်းတွင် ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ လူဦးရေ အချိုးကို ပြောင်းလဲစေမည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူ ဆန်ဂီဟက်နန်ဆာရင်းက Alternative Voices နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဂယ်ဂျစ်-ဘယ်လ်တစ်တန်တွင် မြေယာအခွင့်အရေးလှုပ်ရှားမှုနှင့် ပတ်သက်သည့်မေးခွန်းကို ဖြေကြားရာတွင် ၎င်းက 'ပါကစ္စတန်အစိုးရသည် ကာလာဘတ်ရေကာတာတည်ဆောက်ရန် ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့ သော်လည်း ဆင်းနှင့် ခိုင်ဘာပတ်ထန်ခါဝါတို့၏ ဆန့်ကျင်မှုများကြောင့် ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂယ်ဂျစ်-ဘယ်လ်တစ်တန် ကဲ့သို့သော အငြင်းပွားနေသောဒေသတွင် ရေကာတာ တည်ဆောက်ခြင်းသည် နိုင်ငံတကာ စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး ပါကစ္စတန်က သိမ်းပိုက်ထားသည့် ကက်ရှ်မီးယားတွင် ကုလသမဂ္ဂနှင့် ပြုလုပ်ထားသည့် ကတိကဝတ်များကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဆာရင်းက ပြောကြားခဲ့ သည်။

ပါကစ္စတန်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားသူက ပါကစ္စတန်စစ်တပ်နှင့် အရပ်ဘက် အဖွဲ့အစည်းများသည် ဒေသတွင်းတွင် မြေဧက ထောင်ပေါင်းများစွာ သိမ်းပိုက်ပုံကို တက်ကြွလှုပ်ရှားသူက ထုတ်ဖော်ပြောကြားခဲ့သည်။

အငြိမ်းစားပါကစ္စတန်စစ်တပ်အရာရှိများနှင့် ပြင်ပလူများသည် ဂယ်ဂျစ်နှင့် စကာဒိုမြို့များရှိ မြေနေရာကို သိမ်းပိုက်ပုံကို ၎င်းက ရှင်းပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly