အင်ဒို-ပစိဖိတ် သမုဒ္ဒရာများ အစီအစဉ် ဆွေးနွေးပွဲကို အိန္ဒိယတွင် ကျင်းပ

အင်ဒို-ပစိဖိတ် သမုဒ္ဒရာများ အစီအစဉ် ဆွေးနွေးပွဲကို အိန္ဒိယတွင် ကျင်းပ

အင်ဒို-ပစိဖိတ်သမုဒ္ဒရာများ လုပ်ငန်းအစီအစဉ်အရ သမုဒ္ဒရာသန့်ရှင်းရေးနှင့် ခေတ်မီဆိပ်ကမ်းများ ဖြစ်ပေါ်ရေးအတွက် အာဆီယံ၊ ဩစတြေးလျနှင့် အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်ကြရန် အိန္ဒိယနိုင်ငံဆိုင်ရာ ဩစတြေးလျမဟာမင်းကြီး ဘာရီအိုဖာရယ်က ဧပြီ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာန(DFAT) ၏ ပံ့ပိုးမှုဖြင့် ပြည်သူ့ရေးရာ မူဝါဒ သုတေသနဋ္ဌာန (CPPR) နှင့် မိုနက်ရှ်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် အင်ဒို-ပစိဖိတ်သမုဒ္ဒရာများ အစီအစဉ်ဆွေးနွေးပွဲ (IPOI) တွင် အိုဖာရယ်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက IPOI လုပ်ငန်းအစီအစဉ်ကို ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအစီအစဉ်သည် သဘောတူစာချုပ်အပေါ် အခြေခံမထားဘဲ အင်ဒို-ပစိဖိတ်ဒေသတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် အားလုံးပါဝင်နိုင်သည်။

ဩစတြေးလျနှင့် ဂျပန်တို့က ပင်လယ်ပြင် ဂေဟဗေဒနှင့် ချိတ်ဆက်ဆောင်ရွက်မှု ကဏ္ဍများတွင် အသီးသီး ဦးဆောင်လုပ်ကိုင်နေကြသလို ပြင်သစ်နှင့် အင်ဒိုနီးရှားတိုကလည်း ပင်လယ်ပြင် ရင်းမြစ်များကဏ္ဍကို တာဝန်ယူ ဆောင်ရွက်နေကြသည်။

‌အိန္္ဒိယနိုင်ငံ ကိုချီမြို့တွင် ယခုပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည် ဩစတြေးလျနှင့် အိန္ဒိယတို့အကြား ဆက်ဆံရေး အားကောင်းစေရန် ရည်ရွယ်သည်။ အထူးသဖြင့် ‘ပွင့်လင်း၍ အားလုံးပါဝင်ပြီး ခိုင်မာဖွံ့ဖြိုးကာ စည်းမျဉ်းအခြေခံ ပင်လယ်ရေကြောင်း စည်းကမ်း’ ကို ပံ့ပိုးနိုင်ရန် အင်ဒို-ပစိဖိတ်ဒေသတွင် ပင်လယ်ပြင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပုံဖော်ရန် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly