အိန္ဒိယအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်ကို တိုးချဲ့လုပ်ဆောင်

အိန္ဒိယအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်ကို တိုးချဲ့လုပ်ဆောင်

အိန္ဒိယက အရွယ်ရောက်သူစုစုပေါင်း၏ ၉၆ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်လုံးထက်မနည်းကို ထိုးပေးပြီးဖြစ်ကာ အသက် ၁၅ နှစ်အထက်အရွယ်၏ ၈၄ ရာခိုင်နှုန်းခန့်ကို ကာကွယ်‌ဆေး ၂ လုံး ထိုးပြီးဖြစ်သည်။

‌ကိုဗစ်-၁၉ ကူးစက်မှုမရှိစေရန် အကောင်းဆုံး နည်းလမ်းဖြစ်သည့် ကာကွယ်ဆေးအစီအစဉ်ကို အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ်အထိ ကလေးများကို တိုးချဲ့ထိုးနှံပေးသွားရန်လည်း အစိုးရက ပြင်ဆင်ထားသည်။ အိန္ဒိယ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ်ကို ယမန်နှင့် ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများ၊ အကူအညီပေးသူများနှင့် နာတာရှည်ရောဂါရှိသည့် အသက် ၅၀ နှစ်အရွယ်များကို ဦးစားပေး ထိုးနှံခဲ့သည်။

‌ထို့နောက် ဆေးထိုးပေးသည့် အသက်အရွယ်အုပ်စုများကို တိုးချဲ့ခဲ့ကာ ယမန်နှစ် ဧပြီ ၁ ရက်မှစ၍ အသက် ၄၅ နှစ်နှင့်အထက် မေ ၁ ရက်မှစ၍ အသက် ၁၈နှစ်နှင့် အထက်များအထိ ကာကွယ်ဆေးထိုးပေးခဲ့သည်။

အိန္ဒိယဆေးဝါးထိန်းချုပ်ရေးဌာန (DCGI) က Bharat Biotech ကုမ္ပဏီ၏ Covaxin ကို အသက် ၆ နှစ်မှ ၁၂ နှစ်အရွယ်များအတွက်လည်းကောင်း၊ Biological E ကုမ္ပဏီ၏ Corbevax ကို အသက် ၅ နှစ်မှ ၁၂ နှစ်အထိအရွယ်များအတွက်လည်းကောင်း အရေးပေါ်အသုံးပြုခွင့် (EUA) အား ဧပြီ ၂၆ ရက်တွင် ခွင့်ပြုပေးခဲ့သည်။

‌ထို့ပြင် Zydus Cadila ၏ နှစ်ကြိမ်ထိုး ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၁၂ နှစ်နှင့် အထက် အရွယ်များအား အရေးပေါ်အသုံးပြုခွင့်ပြုခဲ့သည်။

‌အိန္ဒိယနိုင်ငံ Serum Institute မှ ထုတ်လုပ်သည့် Covovax ဆေးကိုလည်း DCGI က EUA အဖြစ်အသုံးပြုရန် အရွယ်ရောက်သူများနှင့် အသက်၁၂ နှစ်နှင့်အထက်များအတွက် ခွင့်ပြုပေးထားပြီး ဖြစ်သည်။

‌အိန္ဒိယ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ပြည်တွင်းဖြစ်နှင့် နိုင်ငံတွင်း ထုတ်လုပ်သည့် ကာကွယ်ဆေးများအပေါ်တွင် များစွာ အခြေခံထားသည်။

‌ Covaxin ကို အသက် ၁၅ နှစ်နှင့် ၁၈ နှစ် အုပ်စု၊ Corbevax ကို အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ် အုပ်စုများအား ထိုးပေးထားသည်။

အိန္ဒိယတွင် ဧပြီ ၂၇ အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားပြီးသူ ၁၈၈ ဒသမ ၁၉ ကုဋေရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly