အိန္ဒိယနိုင်ငံထဲသို့ ငွေစက္ကူအတုများ ဝင်ရောက်စေရန် ပါကစ္စတန်ထောက်လှမ်းရေးက ဘင်္ဂလားဒေ့ရှ်ကို အသုံးချနေကြောင်း သတင်းထွက်ပေါ်

By Bangladeshlive
07 May 2022
အိန္ဒိယနိုင်ငံထဲသို့ ငွေစက္ကူအတုများ ဝင်ရောက်စေရန် ပါကစ္စတန်ထောက်လှမ်းရေးက ဘင်္ဂလားဒေ့ရှ်ကို အသုံးချနေကြောင်း သတင်းထွက်ပေါ်

အိန္ဒိယ အာဏာပိုင်များသည် နိုင်ငံတွင် အိန္ဒိယ ငွေစက္ကူ အတု (FICN) ကွန်ရက်ကို ထောက်လှမ်း၊ ဟန့်တားရန် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများနှင့် တက်ကြွစွာ လက်တွဲ လုပ်ဆောင်လျက် ရှိသည်။

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငွေစက္ကူအတုများ ရှာဖွေတွေ့ရှိမှု ဖြစ်စဉ်များအရ အိန္ဒိယ၏ နယ်နိမိတ်များထဲသို့ ငွေစက္ကူအတုများ မှောင်ခိုသွင်းရန် လုပ်ဆောင်နေသည့် ကွန်ရက်ကို စီမံလည်ပတ်ရာတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်အချို့နှင့် ပါကစ္စတန် ထောက်လှမ်းရေး (ISI) တို့ ပါဝင်ပတ်သက်မှု ရှိနေကြောင်းကို တွေ့ရှိရသည်။

ဘင်္ဂလားဒေ့ရှ်မှတဆင့် အိန္ဒိယနိုင်ငံထဲသို့ မှောင်ခိုသွင်းရန် ISI ကျောထောက်နောက်ခံပြု မှောင်ခိုသမားများ၏ အကူအညီဖြင့် လည်ပတ်နေသော ကွန်ရက်ကို ဖြိုခွင်းရန် အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) သည် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများနှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်လျက် ရှိသည်။

ဒါကာရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ဖာတီမာ အက်ခ်တာနှင့် ရှိတ်ဒ် မက်ဒ် အဘူ တာလက်ဘ် အမည်ရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို FCIN အတွက် မှောင်ခိုကူးပေးမှုအတွက် ဖမ်းဆီးနိုင်ခဲ့ပြီး ၇ ဒသမ ၃၅ ကဋေ တန်ဖိုးရှိ ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါ ကွန်ရက်သည် ဘင်္ဂလားဒေ့ရှ်ရှိ ယင်း၏ အခြေစိုက်စခန်းများကို အသုံးချပြီး ငွေစက္ကူအတုများကို အိန္ဒိယနိုင်ငံထဲသို့ မှောင်ခိုကူးနေခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required