ကိုဗစ်မူဝါဒအပေါ် မေးခွန်းထုတ်သည့် တက်ကြွလှုပ်ရှားသူကို တရုတ်အာဏာပိုင်များ ဖမ်းဆီး

ကိုဗစ်မူဝါဒအပေါ် မေးခွန်းထုတ်သည့် တက်ကြွလှုပ်ရှားသူကို တရုတ်အာဏာပိုင်များ ဖမ်းဆီး

ကမ္ဘာ့ကျန်းမာရေးပညာရှင်များ၏ ဝေဖန်မှုများရှိနေသော်လည်း တရုတ်နိုင်ငံသည် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို ဆက်လက်အကောင်အထည်ဖော်နေစဉ်တွင် ကျန်းမာရေးနှင့်ရဲအရာရှိများကျူးလွန်သော နှိပ်စက် ညှင်းပန်းမှုများကို ထုတ်ဖော်ပြောဆိုမှုအတွက် နောက်ထပ် တက်ကြွလှုပ်ရှားသူတစ်ဦးကို မကြာသေးမီက ဖမ်းဆီးလိုက်သည်။

ကျီရှောင်လောင်သည် ရှန်ဟိုင်းမြို့ ပူဒုန်ခရိုင် ယန်းလော့မြစ်ကမ်းဘေးရှိ ၎င်း၏တိုက်ခန်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဇနီးနှင့်အတူ ချုပ်နှောင်ခံထားရသည်။
 
မီဒီယာဖော်ပြချက်အရ ကျီရှောင်လောင်အား ၃ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အတင်းအကျပ် စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်သည်။

အဓိကမြို့ကြီးများတွင် ကိုဗစ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာမှုကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံ့ထိပ်တန်းခေါင်းဆောင်များက သိပ္ပံနည်းကျကျ ထိရောက်သော ကပ်ရောဂါထိန်းချုပ်ရေးမူဝါဒနှင့်အတူ ကူးစက်မှုစစ်ပွဲကို အနိုင်ယူရန် သန္နိဋ္ဌာန် ချထားကြသည်။

မြန်ဆန်သည့် ကူးစက်မှုများကြောင့် ၂၀၂၀ ခုနှစ်အခြေအနေကဲ့သို့ အစုလိုက်အပြုံလိုက် အသွားအလာ ပိတ်ဆို့မှုများ တစ်ဖန်ပြုလုပ်နေရသဖြင့် တိုင်းပြည်ကို ကပ်ရောဂါမှ ကယ်ထုတ်မည်ဟု အစိုးရယုံကြည်ထားသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် အခြေအနေမဟန်တော့ပေ။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို တစ်သွေမတိမ်းလိုက်နာရန်နှင့် ၎င်းမူဝါဒကို ထင်ယောင်ထင်မှားဖြစ်စေရန် မေးခွန်းထုတ်ရန် သို့မဟုတ် ပယ်ချရန် ကြိုးပမ်းမှုမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ဖျက်ရန် အရေးကြီး ကြောင်း အာဏာပိုင်များက အလေးထားပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required