ရှန်ဟိုင်းတွင် ရောဂါကူးစက်မှုများနေသော်လည်း ကိုဗစ်စစ်ပွဲကို အောင်နိုင်ရမည်ဟု တရုတ်အစိုးရ သန္နိဋ္ဌာန်ပြု

ရှန်ဟိုင်းတွင် ရောဂါကူးစက်မှုများနေသော်လည်း ကိုဗစ်စစ်ပွဲကို အောင်နိုင်ရမည်ဟု တရုတ်အစိုးရ သန္နိဋ္ဌာန်ပြု

တရုတ်နိုင်ငံရှိ အဓိကမြို့ကြီးများတွင် ကိုဗစ်ကူးစက်မှုပြန်လည်မြင့်တက်လာမှုကို ဆက်လက်ရင်ဆိုင်နေရချိန်တွင် နိုင်ငံ့ထိပ်တန်းခေါင်းဆောင်များက သိပ္ပံနည်းကျပြီး ထိရောက်သော ကပ်ရောဂါထိန်းချုပ်ရေးမူဝါဒဖြင့် ကူးစက်မှု စစ်ပွဲကို အောင်နိုင်ရမည်ဟု ကတိပြုထားသည်။

ရှီကျင့်ဖျင်ဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီမှ ခေါင်းဆောင်များက အဆိုပါ ရည်မှန်းချက်ကို ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။ အစည်းအဝေး၌ လက်ရှိ ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်မှုအခြေအနေများကို လေ့လာသုံးသပ်ခဲ့ကြသည်။

တရုတ်သည် ဝူဟန်မြို့ ကိုဗစ်ကပ်ရောတိုက်ဖျက်ရေးနောက်ပိုင်း အခက်ခဲဆုံး ကိုဗစ်-၁၉ စမ်းသပ်မှုကို မတ်လကတည်းက ကြံ့ကြံ့ခံနိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်း ကြိုးပမ်းဆောင်ရွက်မှုများဖြင့် တိုးတက်မှု ရှိအောင်လုပ်ဆောင်ခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များ ဆိုသည်။

ကပ်ရောဂါက တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေကာ ကိုရိုနာဗိုင်းရပ်စ်က သန္ဓေဆက်ပြောင်းနေဆဲဖြစ်သောကြောင့် ကပ်ရောဂါ  ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်၍ မရေရာမသေချာမှုများလည်း ရှိနေကာ ထိန်းချုပ်မှုတွင် အားမယုတ်စေရန်လည်း အစည်းအဝေးတွင် သတိပေးခဲ့သည်။

အားစိုက်မှုလျှော့ချလိုက်ခြင်းသည် ကူးစက်မှုများ၊ အရေးပေါ်အခြေအနေများနှင့် သေဆုံးမှုများ မလွဲဧကန်ဖြစ်စေမည်ဖြစ်ကာ စီးပွားရေးနှင့်လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ ဘဝနှင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေမည်ဟု အစည်းအဝေး၌ပြောသည်။

ထိပ်ပိုင်းခေါင်းဆောင်များက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို တစ်သွေမတိမ်းလိုက်နာရန်နှင့် ကိုဗစ်မူဝါဒကို ထင်ယောင်ထင်မှားဖြစ်စေရန်၊ မေးခွန်းထုတ်ရန် သို့မဟုတ် ပယ်ချရန် ကြိုးပမ်းမှုမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ဖျက်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly