တရုတ်က စီးပွားရေးကို မြှင့်တင်ရန် ကျောက်မီးသွေးစွမ်းအင်ကို အသုံးပြုခြင်းသည် ကမ္ဘာ့ရာသီဥတုကို ထိခိုက်စေနိုင်

တရုတ်က စီးပွားရေးကို မြှင့်တင်ရန် ကျောက်မီးသွေးစွမ်းအင်ကို အသုံးပြုခြင်းသည် ကမ္ဘာ့ရာသီဥတုကို ထိခိုက်စေနိုင်

တရုတ်ကွန်မြူနစ်ပါတီက တိုင်းပြည်စီးပွားရေးတိုးတက်ရန် ကျောက်မီးသွေးစွမ်းအင်ကို အသုံးပြုမည့်အစီအစဉ် သည် ကမ္ဘာ့ရာသီဥတုကို ထိခိုက်စေနိုင်သည်။

တရုတ်နိုင်ငံက ၂၀၂၂ခုနှစ်တွင် ကျောက်မီးသွေး ထုတ်လုပ်မှု ပမာဏ တန်ချိန် သန်း ၃၀ဝ အထိ တိုးမြှင့် ထုတ်လုပ်ရန် ကြိုးပမ်းနေပြီး ၂၀၂၁ခုနှစ်က တန်ချိန် ၄ ဒသမ ၁ ဘီလီယံထက် ၇ ရာခိုင်နှုန်း တိုးလာ မည်ဖြစ်သည်။

လေနှင့် နေရောင်ခြည်စွမ်းအင် အရင်းအမြစ်များတွင် တရုတ်က အများအပြားရင်းနှီးမြှုပ်နှံထားသော်လည်း တာဝန်ရှိသူများက တရုတ်၏ စီးပွားရေးမှာ ၂၀၂၁ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကုမ္ပဏီပိတ် သိမ်းမှုများကြောင့် ရပ်တန့်သွားသဖြင့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားရရှိရန် တာဝန်ရှိသူများက တောင်းဆိုခဲ့ကြသည်။ ရုရှား-ယူကရိန်းစစ်ပွဲက တရုတ်အခြေအနေကို ပိုဆိုးရွားစေခဲ့သည်။ ယင်းစစ်ပွဲသည် ကမ္ဘာ့ရေနံနှင့် ကျောက်မီး သွေးထောက်ပံ့မှုကို အခက်တွေ့စေခဲ့သည်။

Greenpeace အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ အကြီးတန်း မူဝါဒအကြံပေး လီစိုက 'စွမ်းအင်လုံခြုံရေးကို အာမခံချက် ပေးမှုသည် ကာဗွန်ဟန်ချက်ညီရေးကို ထိခိုက်စေသည်' ဟု ပြောကြားခဲ့သည်။

ဆောင်းဦးရာသီတွင် အာဏာရပါတီခေါင်းဆောင်အဖြစ် တတိယအကြိမ် ၅ နှစ်သက်တမ်းအတွက် သမ္မတ ရှီကျင့်ဖျင်က ကြိုးပမ်းနေချိန်တွင် တာဝန်ရှိသူများသည် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် နိုင်ငံရေးအရ ဖိအားများ ခံနေရသည်။ ကျောက်မီးသွေးသည် စွမ်းအင်လုံခြုံရေးအတွက်
အရေးကြီးသည်။

ဧပြီ ၂၀ ရက် အစည်းအဝေးတွင် တရုတ်အစိုးရ တာဝန်ရှိသူများက ထုတ်လုပ်မှု စွမ်းရည် တိုးမြှင့်ရေးကို အလေးပေး ပြောကြားခဲ့သည်။

လျာထားချက် ၈ ဒသမ ၁ ရာခိုင်နှုန်းရှိသော်လည်း ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၄ ရာခိုင်နှုန်းကျဆင်းသွားသည့် တိုင်းပြည်၏ GDP ကို မြှင့်တင်ရန် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နေကြောင်း ကနေဒါအခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သော လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ
နိုင်ငံတကာဖိုရမ်(IFFRAS) က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required