ပေကျင်းတွင် ကိုဗစ်-၁၉ အန္တရာယ် စိုးရိမ်ရသည့် နေရာ၄ ကို ထပ်တိုး

ပေကျင်းတွင် ကိုဗစ်-၁၉ အန္တရာယ် စိုးရိမ်ရသည့် နေရာ၄ ကို ထပ်တိုး

တရုတ်တွင် ပေကျင်းမြို့ရှိ နောက်ထပ်ဧရိယာ ၄ ခု ကို ဧပြီ ၃၀ရက်တွင် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေ အလယ် အလတ်အဆင့်ရှိ နေရာများအဖြစ် သတ်မှတ်လိုက်ကြောင်း မြူနီစီပယ်အစိုးရက ပြောကြားခဲ့သည်။

နောက်ဆုံး အမျိုးအစား ခွဲခြားမှုများကြောင့် ပေကျင်းရှိ အန္တရာယ်များသော ဒေသစုစုပေါင်း အရေအတွက် ၆ ခုနှင့် အန္တရာယ် အလယ်အလတ် ဧရိယာ ၂၃ ခု ရှိလာကြောင်း ဒေသတွင်း ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြ ထားသည်။

ဧပြီ ၂၉ရက် ညနေ ၃ နာရီမှ ဧပြီ ၃၀ရက် ညနေ ၃ နာရီအတွင်း ပြည်တွင်းမှ ကိုဗစ်-၁၉ ကူးစက်ခံရသူ နောက်ထပ် ၅၉ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၈ ဦးရှိကြောင်း အစိုးရ၏ သတင်းပေးပို့ချက်ကို ပေကျင်း မြူနီစီပယ်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန လက်ထောက်အကြီးအကဲ ပန်ရှန်းဟော်က ပြောကြားခဲ့သည်။

ဧပြီ ၂၂ ရက်မှစတင်၍ ပေကျင်းမြို့တွင် ပြည်တွင်းကူးစက်မှု စုစုပေါင်း ၂၉၅ ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly