အာဖဂန်နစ္စတန်မှ ကလေးပရိသတ်ကို မက်ဆီသွားရောက် တွေ့ဆုံမည်

အာဖဂန်နစ္စတန်မှ ကလေးပရိသတ်ကို မက်ဆီသွားရောက် တွေ့ဆုံမည်

ပလပ်စတစ်အိတ်တွင် မက်ဆီ၏ကျောနံပါတ်နှင့် အမည်ကိုရေးထိုးပြီး ဝတ်ဆင်ထားသော ကလေးငယ်တစ်ဦးဓာတ်ပုံ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့သွားပြီးနောက် အာဖဂန်နစ္စတန်မှ အဆိုပါ ကလေးငယ်ကို သွားရောက်တွေ့ဆုံရန် မက်ဆီက စီစဉ်နေသည်။

အဆိုပါကလေးငယ်ဓာတ်ပုံ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် မည်သည့်နိုင်ငံမှဖြစ်သည်ကို ရှာဖွေသည့်လှုပ်ရှားမှုတစ်ရပ်ကို ဇန်နဝါရီတစ်လလုံးပြုလုပ်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ မှဖြစ်သည်ကို သိရှိခဲ့ခြင်းဖြစ်သည်။ အသက် ငါးနှစ်အရွယ်ရှိ အာဖဂန်နစ္စတန်ကလေးငယ် အာမာဒီကို တွေ့ဆုံနိုင်ရန်အတွက် မက်ဆီနှင့် ဘာစီလိုနာအသင်းတာဝန်ရှိသူများက အီရတ်ဘောလုံးအဖွဲ့ချုပ်မှ တဆင့်ဆက်သွယ်ခဲ့သည်။

ထိုမှတစ်ဆင့် အာဖဂန်ဘောလုံးအဖွဲ့ချုပ်ထံသို့ မက်ဆီနှင့် ဘာစီလိုနာအသင်းက အီးမေးလ်ပို့ကာ ကလေးငယ် ကိုလာရောက်တွေ့ဆုံမည့်အကြောင်း ပြောကြားခဲ့သည်။ အာမာဒီမှာ မက်ဆီကို အရူးအမူး စွဲလန်းသော ပရိသတ်ဖြစ်ပြီး အာဂျင်တီးနားအကျီၤဝယ်မဝတ်နိုင်သဖြင့် ပလပ်စတစ်အိတ်တွင် မက်ဆီအမည်ရေးထိုးဝတ်ဆင် ခဲ့ခြင်းဖြစ်သည်။

မက်ဆီအနေဖြင့် ကလေးငယ်ကို ၎င်း၏လက်မှတ်ပါ အာဂျင်တီးနားအသင်း အကျီၤတစ်ထည် လက်ဆောင်ပေးမည်ဖြစ်ပြီး ကလေးငယ်၏အနာဂတ်အတွက် မိဘများနှင့်တိုင်ပင်ဆွေးနွေးရန်လည်း စီစဉ်ထားသည်။

Ref: The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly