WHO တွင် ထိုင်ဝမ်ပါဝင်ရန် အထောက်အကူဖြစ်စေမည့် ဥပဒေကို အမေရိကန်က အတည်ပြု

WHO တွင် ထိုင်ဝမ်ပါဝင်ရန် အထောက်အကူဖြစ်စေမည့် ဥပဒေကို အမေရိကန်က အတည်ပြု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တွင် ထိုင်ဝမ်က စောင့်ကြည့်လေ့လာသူအဆင့်ရရှိအောင် ကူညီ ဆောင်ရွက် ပေးမည့် အစီအစဉ်ကို တင်သွင်းရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုသည့် ဥပဒေတစ်ရပ်အား အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်သည်။

တရုတ်၏ ဖိအားများနှင့် ရင်ဆိုင်နေရသော ထိုင်ဝမ်ကို အဆိုပါ ဥပဒေက ခိုင်မာအားကောင်းစေမည်ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လက အထက်လွှတ်တော်တွင် သဘောတူခဲ့သည့် ယင်းဥပဒေကြမ်းကို ဧပြီ ၂၇ရက်က ထောက်ခံမဲ ၄၂၅၊ ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ပါတယ်။

'ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တွင် ထိုင်ဝမ်က စောင့်ကြည့်လေ့လာသူ အဆင့် အတန်းကို ပြန်လည်ရရှိရန်နှင့် အခြားရည်ရွယ်ချက်များအတွက်' မဟာဗျူဟာကို ရေးဆွဲရန် နိုင်ငံခြားရေးဝန်ကြီးအား အဆိုပါအစီအစဉ်က ညွှန်ကြားထားသည်။

အဆိုပါ ဥပဒေကြမ်းအား ဥပဒေအဖြစ် အတည်ပြုလက်မှတ်ရေးထိုးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံ ပေးပို့ထား သည်။
 
ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) တွင် ထိုင်ဝမ်ကို စောင့်ကြည့်လေ့လာသူအဆင့် ပြန်လည်ရရှိရန် အမေရိ ကန်၏ ယခုနောက်ဆုံး ကြိုးပမ်းအားထုတ်မှုသည် လွန်ခဲ့သည့် ၅နှစ် အတွင်း ခွဲထွက်ရေးလှုပ်ရှားသူများ၏ နိုင်ငံရေးထွင်လုံးကဲ့သို့ပင် အဓိပ္ပါယ်ရှိသောရလဒ်များ ရရှိအောင် ပြလုပ်နိုင်မည်မဟုတ်ကြောင်း တရုတ် ကျွမ်းကျင်သူများက ဧပြီ ၂၈ရက်တွင် ပြောကြားခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နေသော ထိုင်ဝမ်တွင် ဒီမိုကရေစီနည်းအရ ရွေးကောက်ထားသော စိုင်အင်းဝမ်ကို ထိုင်ဝမ် သမ္မတအဖြစ် ၂၀၁၆ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်တွင် ထပ်မံရွေးချယ်ပြီးနောက် တရုတ်အစိုးရက ထိုင်ဝမ်ကို WHO အစည်းအဝေးများတွင် ကိုယ်စားပြုမှုကို ပိတ်ပင်ထားသည်။

တရုတ်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးကောင်းမွန်သည့် ကာလဖြစ်သည့် ၂၀ဝ၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ထိုင်ဝမ်သည် မဲပေးပိုင်ခွင့်မရှိသည့် လေ့လာသူအဖြစ် WHA သို့ တက်ရောက်ခဲ့သည်။ အမေရိကန်အစိုးရသည် လှည့်ကွက်အချို့ကို ဆွဲထုတ်နိုင်သည်ဟု တရုတ်လေ့လာသုံးသပ်သူများက အကြံပြုထားသော်လည်း ယင်းမှာ အချည်းနှီးပင်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ Global Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required