တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ဆက်လက်တိုက်ဖျက်ရန် မြို့တော်ပေကျင်း၌ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်း ရပ်နားထား

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ဆက်လက်တိုက်ဖျက်ရန် မြို့တော်ပေကျင်း၌ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်း ရပ်နားထား

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက်ပျံ့နှံ့နေပြီး ရှန်ဟိုင်းရှိ သန်းနှင့်ချီသော မြို့ခံများသည် ၁ လကျော်ကြာသည်အထိ အသွားအလာပိတ်ဆို့မှုအောက်၌ ရှိနေဆဲအချိန်တွင် ပေကျင်းရှိ ရထားလိုင်းနှင့် ဘတ်စ်ကားလိုင်း ဒါဇင်ပေါင်းများစွာကို ပိတ်ထားရသည်။

ပေကျင်းမြို့တော်တွင် ပို့ဆောင်ရေးကွန်ရက်၏ ၁၀ ပုံ ၁ ပုံခန့်ရှိသည့် မြေအောက်ရထားလိုင်း ၄၀ ကျော်နှင့် ဘတ်စ်ကားလိုင်း ၁၅၈ လိုင်းကို ပိတ်ထားကြောင်း ဝန်ဆောင်မှု ပေးသူများက ပြောသည်။ ဆိုင်းငံ့ထားသော ဘူတာရုံများနှင့်ကားလိုင်းများမှာ ရောဂါဖြစ်ပွားရာ ပေကျင်းဗဟိုချက် ချောင်ယန်းခရိုင်တွင် ဖြစ်ကြောင်း The Express Tribune ၌ ဖော်ပြထားသည်။ 

ပေကျင်းသည် မတတ်သာသည့်အဆုံး အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ်မှုကို ကျင့်သုံးနေရသည်။ ပေကျင်းရှိ ခရိုင်ဒေသ ၁၆ ခုအနက် ၁၂ ခုတွင် ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်နှင့်တတိယအကြိမ်မြောက် ရောဂါစမ်းသပ်မှုများကို လုပ်ဆောင်လျက်ရှိကာ ပြီးခဲ့သည့် သီတင်းပတ်က တတိယမြောက် စစ်ဆေးမှု ပြုလုပ်ပြီးဖြစ်သည်။

ပေကျင်းတွင် ကူးစက်မှုအန္တရာယ်များသော ဒေသများရှိ ကျောင်းများ၊ လုပ်ငန်းအချို့နှင့် လူနေ အဆောက်အအုံများကို ပိတ်ထားသည်။ တရုတ်ရှိ နိုင်ငံတကာ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကိုလည်း ထိခိုက်စေပြီး ယင်းက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ထပ်ဖြစ်စေသည်။ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန် လှုပ်ရှားမှုအဖြစ် မေ ၄ ရက်က ရထားလိုင်းနှင့်ကားလိုင်းများကို ပိတ်ခဲ့ခြင်းဖြစ်သည်။

Apple iPhone များထုတ်လုပ်သည့် လျှပ်စစ်ပစ္စည်းကုမ္ပဏီ Foxconn စက်ရုံတည်ရှိသော လူဦးရေ ၁၂ ဒသမ ၆ သန်းရှိ ကျန်းကျိုးမြို့သည်လည်း အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအားဖြင့် အသွားအလာပိတ်ဆို့ထားသည့် တခြားသော မြို့ကြီးများနည်းတူ အသွားအလာကန့်သတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly