ကွန်မြူနစ်ပါတီက တိဗက်ယဉ်ကျေးမှုကို အသွင်ပြောင်းရန် ကြိုးပမ်းပြီး တရုတ်ဘာသာစကားပြောဆိုရန် တိုက်တွန်းနေ

ကွန်မြူနစ်ပါတီက တိဗက်ယဉ်ကျေးမှုကို အသွင်ပြောင်းရန် ကြိုးပမ်းပြီး တရုတ်ဘာသာစကားပြောဆိုရန် တိုက်တွန်းနေ

တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်ဘာသာစကားအသုံးပြုမှုကို ကန့်သတ်ရန်နှင့် ကျေးရွာခေါင်းဆောင်များကို တရုတ်ဘာသာဖြင့်ပြောဆိုရန် အတင်းအကျပ်လုပ်ဆောင်ရာတွင် တိဗက်ကျေးလက်ဒေသများကို ပစ်မှတ်ထားလျက်ရှိကြောင်း ဥရောပသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘုန်းတော်ကြီး ဒလိုင်းလားမား၏နောက်လိုက်များအတွက် အဆင့်မြင့်ပညာရေးကို ငြင်းပယ်ခြင်းအပြင် မန်ဒရင်းဘာသာကို ပညာရေးနှင့် ရုံးလုပ်ငန်းများတွင် ကြားခံဘာသာစကားအဖြစ် အသုံးပြုစေခြင်းဖြင့် တိဗက်ဝိသေသလက္ခဏာများ ယုတ်လျော့စေသော တရုတ်ကွန်မြူနစ်ပါတီ၏
ရက်စက်ကြမ်းကြုတ်မှုနှင့် မူဝါဒများကို ဖော်ပြသည့် “၂၀၂၁ ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာ အစီရင်ခံစာ” ကို ဥရောပသမဂ္ဂက ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဘာသာရေးနှိပ်ကွပ်မှုနှင့် စွက်ဖက်မှုဆိုင်ရာ မူဝါဒအရ CCP သည် တိဗက်ဘုန်းကြီးများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ချုပ်နှောင်သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်ဟု အစီရင်ခံစာက ဆိုသည်။

တိဗက်ဘာသာစကားကို သင်ကြားရေးကြားခံဘာသာအဖြစ် အသုံးပြုနေသည့် ပုဂ္ဂလိက ဘာသာစကား ကျောင်းများကို ပိတ်ခြင်း သို့မဟုတ် မန်ဒရင်ဘာသာဖြင့် သင်ကြားရန် ညွှန်ကြားကြောင်းလည်း ဖော်ပြထားသည်။

သက်ကြီးရွယ်အိုများကို မန်ဒရင်းဘာသာသင်ကြားပေးရန် တွန်းအားပေးလျက် ၂၀၂၁ ခုနှစ် နှစ်ကုန်မှစ၍ ဒေသန္တရအစိုးရများက အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခဲ့ကြသည်။

တိဗက်ကို တရုတ်သိမ်းပိုက်ခြင်းအပေါ် ဆန့်ကျင်သောအသံများ နှုတ်ဆိတ်သွားစေရန် တရုတ်က အဝေးရောက်တိဗက်အစိုးရနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ လူမှုမီဒီယာအကောင့်များကိုလည်း ပစ်မှတ်ထားနေသည်။

ထိုသို့ကြိုးပမ်းအားထုတ်မှုသည် မော်စီတုံးအယူဝါဒအရ ထည့်သွင်းထားသော တိဗက်ယဉ်ကျေးမှုနှင့် ဘာသာစကားတို့နှင့်အတူ ဒလိုင်းလားမားကို တိဗက်မှ ဖျောက်ဖျက်ရန် ရည်ရွယ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly