အမေရိကန်က ပိတ်ဆို့မှု လုပ်လာနိုင်သည့်အခြေအနေတွင် တရုတ်အစိုးရက ထိပ်တန်းဘဏ်အမှုဆောင်များနှင့်တွေ့ဆုံ

အမေရိကန်က ပိတ်ဆို့မှု လုပ်လာနိုင်သည့်အခြေအနေတွင် တရုတ်အစိုးရက ထိပ်တန်းဘဏ်အမှုဆောင်များနှင့်တွေ့ဆုံ

တရုတ်သည် နိုင်ငံခြားနှင့်ပြည်တွင်းဘဏ်ကိုယ်စားလှယ်များနှင့် ပြည်တွင်းစည်းဝေးပွဲတစ်ခုကျင်းပပြီး ပြည်ပပိုင်ဆိုင်မှုများကို အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအလားအလာများမှ ကာကွယ်ရန်နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း The Financial Times က မေ ၁ ရက်တွင် ဖော်ပြခဲ့သည်။

တရုတ်ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအပြင် နိုင်ငံခြားနှင့် ပြည်တွင်းဘဏ်များမှ အမှုဆောင်အရာရှိများအကြား အရေးပေါ်အစည်းအဝေးကို ဧပြီလ ၂၂ ရက်က ပြုလုပ်ခဲ့သည်။

'တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် တရုတ်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးကို ခွဲထုတ်တာဟာ ရုရှားနဲ့ခွဲထုတ်တုန်းကထက် ပိုပြင်းထန်လိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရဲ့ စီးပွားရေး ခြေရာက ကမ္ဘာ့နေရာတိုင်းကို ရောက်နေလို့ပါ” ဟု သတင်းရင်းမြစ်တစ်ခုက The Financial Times ကို ပြောသည်။

ရုရှားဗဟိုဘဏ်ရှိ ဒေါ်လာပိုင်ဆိုင်မှုများကို ထိန်းချုပ်မည့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ အစွမ်းကိုလည်း တရုတ်က သတိထားနေရသည်ဟု သတင်းက ဖော်ပြသည်။

ဒေသတွင်း စစ်ရေးပဋိပက္ခ သို့မဟုတ် အခြားအကျပ်အတည်းများဖြစ်ခဲ့သော် တရုတ်နိုင်ငံအပေါ် ယင်းကဲ့သို့ အရေးယူဆောင်ရွက်နိုင်မည်ကို တရုတ်တာဝန်ရှိသူများက စိုးရိမ်ပူပန်လျက်ရှိသည်။ အမေရိကန်က ထိုင်ဝမ်နှင့် တရားဝင် အဆက်အသွယ်များ ဆက်လက်ထားရှိမှုအတွက် တရုတ်က အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်များသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိပါးသလို ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကို နှိုးဆော်ရာရောက်သည်ဟု ပြောကြားခဲ့သည်။

တရုတ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို အင်အားသုံးရယူရန်လည်း ခြိမ်းခြောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly