တရုတ်က နျူကလီးယားအဆောက်အအုံများအထိ ချည်းကပ်လာခြင်းကို တု့န်ပြန်ရန် ဗြိတိန်ကြိုးပမ်းနေ

တရုတ်က နျူကလီးယားအဆောက်အအုံများအထိ ချည်းကပ်လာခြင်းကို တု့န်ပြန်ရန် ဗြိတိန်ကြိုးပမ်းနေ

ဗြိတိန်သည် နျူကလီးယားစွမ်းအင်စီမံကိန်းသစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်အပေါ် မှီခိုနေရမှုကို နားလည်သဘောပေါက်လာသည်နှင့်အမျှ နိုင်ငံသည် ဗျူဟာမြောက်ကဏ္ဍကို တရုတ်လက်သို့ မရောက်စေရေးအတွက် ကာကွယ်ရေးအစီအမံများ စဉ်းစားရန် မကြာသေးမီက စတင်လုပ်ဆောင်နေသည်ဟု Geopolitica.info သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ဗြိတိန်အစိုးရသည် ဆပ်ဖော့ကမ်းရိုးတန်းတွင် နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် ပေါင် ၂၀ ဘီလီယံတန်ဖိုးရှိ စီမံကိန်းမှ တရုတ်ကို ဖယ်ရှားရန် ရည်ရွယ်သော သဘောတူညီချက်တစ်ရပ်ကို လုပ်ဆောင်နေသည်ဟု ဆောင်းပါးရှင် ဒီဗယ်လာရီယို ဖက်ဘရီက ရေးသားထားသည်။

တည်ဆောက်ဆဲအဆင့်တွင် ရှိနေသေးသည့် Sizewell C ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ပြင်သစ်အစိုးရကျောထောက်နောက်ခံပြု လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီကြီး EDF က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ တရုတ် အထွေထွေ နျူကလီးယားဓာတ်အားပေးစက်ရုံ (CGN) က ကျန် ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

ဗြိတိန်အစိုးရသည် ယခုအခါ EDF နှင့်အတူ စီမံကိန်းတွင် အစုရှယ်ယာတစ်ခုကို ရယူရန် စီစဉ်နေပြီး ယင်းက စီမံကိန်းမှ CGN ကို ဖယ်ရှားစေနိုင်မည်ဖြစ်သည်။

ဗြိတိန်တွင် လက်ရှိနျူကလီးယားစက်ရုံများကို နို်ငငံ၏ စွမ်းအင်ကုမ္ပဏီ Centrica နှင့်အတူ EDF က ပိုင်ဆိုင်သည်။ ကုမ္ပဏီသည် သတ်မှတ်ချိန်မတိုင်မီ စက်ရုံအများအပြားကို ပိတ်ခဲ့ရပြီး စက်ရုံ ၇ ခုအနက် ၄ ခုသည် ၂၀၂၄ ခုနှစ် မတ်လတွင် အနားယူရမည်ဖြစ်သည်။ ထို့ကြောင့် မကြာသေးမီနှစ်များအတွင်း နျူကလီးယားဓာတ်အားပေးစက်ရုံများ ပိုမိုတည်ဆောက်ရန် တွန်းအားပေးမှုများ တိုးလာခဲ့သည်။ လတ်တလောအရေးပေါ်ကိစ္စသည် တရုတ်နိုင်ငံအတွက် ဗြိတိန်သို့ ဝင်ရောက်ရန် ကြီးမားသောနည်းလမ်းဖြင့် အထောက်အကူဖြစ်စေကြောင်း သက်သေပြခဲ့သည်ဟု သတင်း၌ ဖော်ပြထားသည်။

အမျိုးသားလုံခြုံရေးကို အကြောင်းပြု၍ နျူကလီးယားဓာတ်အားပေးစက်ရုံများအတွက် တရုတ်နိုင်ငံကို အလွန်အမင်း မှီခိုအားထားမှုမပြုရန်လည်း အမေရိကန်က ဗြိတိန်ကို သတိပေးထားသည်။

တရုတ်ကုမ္ပဏီများနှင့် ပတ်သက်ရာတွင် ဗြိတိန်၏အခက်အခဲများသည် မကြာသေးမီနှစ်များအတွင်း ပိုမိုထင်ရှားလာခဲ့သည်။ ၎င်းတို့နှစ်နိုင်ငံသည် ဗြိတိန်ကိုလိုနီဟောင်းဖြစ်သည့် ဟောင်ကောင်တွင် သဘောထားကွဲလွဲမှုများကို နှိမ်နင်းခြင်းနှင့် တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ ဝီဂါများကို ကြမ်းတမ်းစွာ
ဆက်ဆံခြင်းများ အပါအဝင် အခြားကိစ္စရပ်များတွင်လည်း အမြင်မတူမှုများရှိသည်။

နောက်ဆုံးပြဿနာအပေါ် ဗြိတိန်၏ကိုင်တွယ်ဖြေရှင်းမှုသည် အလွန်စိုးရိမ်စရာကောင်းပြီး ယင်းက လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများနှင့် ၎င်း၏စွမ်းအင်လိုအပ်ချက်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးမည့်စွမ်းဆောင်ရည်ကို သေချာပေါက် စမ်းသပ်လိမ့်မည်ဖြစ်ကြောင်း သတင်း၌
ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly