လွတ်လပ်သော တိဗက် ကျောင်းသားများအဖွဲ့က ၁၁ ဆက်မြောက် ပန်ချန် လားမား ရှိသည့်နေရာကို ထုတ်ဖော်ပြောဆိုရန် တရုတ်ကို တောင်းဆို

လွတ်လပ်သော တိဗက် ကျောင်းသားများအဖွဲ့က ၁၁ ဆက်မြောက် ပန်ချန် လားမား ရှိသည့်နေရာကို ထုတ်ဖော်ပြောဆိုရန် တရုတ်ကို တောင်းဆို

တိဗက်တို့၏ ၁၁ ဆက်မြောက် ပန်ချန် လားမား ဂတ်ဟန်ချိုကီညီမာ၏ ၃၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ကို အိန္ဒိယနိုင်ငံ မြောက်ပိုင်း  ရမ်ဆာလာတောင်ပေါ်မြို့၌ လွတ်လပ်သော တိ ဗက် -အိန္ဒိယကျောင်းသားများအဖွဲ့(SFT)က ကျင်းပခဲ့သည်။

ဧပြီ ၂၅ရက်တွင် တိဘက်တက်ကြွလှုပ်ရှားသူများသည် မက်လော့ဂျန်၏ အဓိကရင်ပြင်တွင်စုဝေးပြီး ၁၁ ဆက်မြောက် ပန်ချန်လားမားအတွက် မွေးနေ့ကိတ် လှီးခဲ့ကြသည်။ ၎င်းကိုလွှတ်ပေးပြီး မည်သည့်နေရာတွင် ရှိနေသည်ကို ထုတ်ဖော်ပြောဆိုရန် တရုတ်ကို ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။

ပန်ချန်လားမားသည် ဒလိုင်းလားမားပြီးနောက် အမြင့်ဆုံးသော ဘာသာရေးခေါင်းဆောင်ဖြစ်သည်။ ဒလိုင်းလားမားက ဂတ်ဟန်ချိုကီညီမာကို ၁၁ ဆက်မြောက် ပန်ချန်လားမား အဖြစ် ၁၉၉၅ခုနှစ် အသိအမှတ် ပြုခဲ့ပြီး မကြာခင်မှာပင် အသက် ၆ နှစ်အရွယ် ကလေးငယ်နှင့် မိသားစုတို့ ပျောက်သွားခဲ့သည်။ တရုတ် အစိုးရက ကွေစိန်နော်ဘူးကို ၎င်းနေရာတွင် ခန့်အပ်ခဲ့သည်။

တရုတ်အစိုးရက ၎င်းတို့ခန့်အပ်ထားသော ပန်ချန်းလားမားကို လက်ခံရန် ၂၇ နှစ်ကြာ ဖိအားပေးခဲ့သော်လည်း တိဘက်လူမျိုးများက ဂတ်ဟန်ချိုကီညီမာကိုသာ စစ်မှန်သော ပန်ချန်းလားမားအဖြစ် သတ်မှတ်ကြပြီး တာရှန် ဟန်ဘိုဘုန်းတော်ကြီးကျောင်းရှိ နေရာမှန်သို့ ပြန်လည်ရောက်ရှိရန် ဆက်လက်တောင်းဆိုနေကြသည်။

"ကျွန်တော်ရဲ့ တစ်ခုတည်းသောဆန္ဒကတော့ မွေးနေ့ပွဲကျင်းပချိန်မှာ သူ့ကို ရှိစေချင်တာပါပဲ။ ကောလိပ်တက် ချိန်မွေးနေ့ပွဲတွေ ကျင်းပခဲ့ကတည်းက ဒီဆန္ဒတွေ တကယ်ဖြစ်လာမယ်လို့ ကာလကြာရှည်ကတည်းက မျှော်လင့်ခဲ့ပါတယ်''ဟု တိဘက်တက်ကြွလှုပ်ရှားသူ တန်ဇန် ပါဆန်က ပြောကြားခဲ့သည်။

"ဒါဟာ ၁၁ ဆက်မြောက် ပန်ချန်လားမားရဲ့ ၃၃ နှစ်ပြည့် မွေးနေ့ ဖြစ်ပြီး မြင့်မြတ်တဲ့ အဝေးရောက်ဒလိုင်းလား မားရဲ့ နေထိုင်ရာဒေသဖြစ်တဲ့ ဒါရမ်ဆာလာတောင်ပေါ်မြို့မှာ သူ့ရဲ့ မွေးနေ့ပွဲကို သူမပါဘဲ ကျင်းပနေပါတယ်။" ဟု SFT ၏ စည်းရုံးရေးမှူး တန်ဇန် လက်ဒန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly