ပြင်သစ် တိဗက်အသိုက်အဝန်းက ၁၁ ယောက်မြောက် ပန်ချန်လားမား၏ ၃၃ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြ

By The Print
03 May 2022
ပြင်သစ် တိဗက်အသိုက်အဝန်းက ၁၁ ယောက်မြောက် ပန်ချန်လားမား၏ ၃၃ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြ

ပြင်သစ်ရှိ တိဗက်အသိုက်အဝန်းက ၁၁ ယောက်မြောက် ပန်ချန်လားမား ဂတ်ဟန်ချိုကီညီမာ၏ ၃၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပါရီတွင် ဆန္ဒပြခဲ့ကြသည်။

ပြင်သစ်နိုင်ငံရှိ တိဗကအသိုက်အဝန်းမှ လူ ၂၀ဝ ခန့်သည် ဧပြီ ၂၅ရက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။

ဒလိုင်းလားမားက ရွေးချယ်ထားသည့် ၁၁ ဆက်မြောက် ပန်ချန်လားမားကို တရုတ်အာဏာပိုင်များက ပြန်ပေး ဆွဲသွားကြောင်း အခမ်းအနားတွင် တိဗက်အသိုက်အဝန်း၏ ဥက္ကဌ ကာမာတန်လေးက ပြောကြားခဲ့သည်။

ပန်ချန်လားမားနှင့် ၎င်း၏ မိသားစုကို လွတ်လပ်သည့်ဘဝတွင် နေထိုင်ခွင့်ပေးရန်အတွက် ပန်ချန်လားမားကို လွှတ်ပေးရန် တရုတ်ကို ဖိအားပေးသော လှုပ်ရှားမှုကို အရှိန်မြှင့်ရန် အချိန်ရောက်လာပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခမ်းအနားတွင် တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြသူများက ပန်ချန်လားမားအသက်ရှည်ပါစေကြောင်း ဆုတောင်းကာ တိဗက်ရိုးရာအကများဖြင့် ၎င်း၏ မွေးနေ့ကို ဂုဏ်ပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly