ဖီအိုရင်တီးနားကွင်းလယ်လူ မာရီယိုဆွာရက်ဇ် ၀က်ဖို့ဒ်သို့ ရောက်ရှိ

ဖီအိုရင်တီးနားကွင်းလယ်လူ မာရီယိုဆွာရက်ဇ် ၀က်ဖို့ဒ်သို့ ရောက်ရှိ

အင်္ဂလန်၊ ဖေဖေါ်ဝါရီ ၁ ။           ။ ဝက်ဖို့ဒ်အသင်းသည် ဖီအိုရင်တီးနားအသင်းမှ စပိန်ကွင်းလယ်ကစားသမား မာရီယိုဆွာရက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင် ၄ သန်းဖြင့် လေးနှစ်ခွဲစာချုပ်ချုပ်ဆိုကာ ခေါ်ယူ လိုက်ပြီဖြစ်သည်။

အက်သလက်တီကို ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဆွာရက်ဇ်သည် စပိန်လက်ရွေးစင်အသင်းအတွက် သုံးကြိမ် ရွေးချယ်ခံခဲ့ရဖူးသူ ဖြစ်သည်။

ဆွာရက်ဇ်မှာ အက်သလက်တီကိုလူငယ်အကယ်ဒမီမှ ပေါ်ထွက်လာသူဖြစ်ပြီး ဝက်ဖို့ဒ်နည်းပြ ဆန်းချက်ဇ်ဖလာရက်စ်နှင့်လည်း အက်သလက်အသင်းတွင် လက်တွဲခဲ့ဖူးသူဖြစ်သည်။ ထို့အပြင် ၎င်းသည် အက်သလက်အသင်း၌ လာလီဂါဖလားကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခွင့်ရခဲ့သည်အထိ အောင်မြင်ဖူးသူလည်း ဖြစ်သည်။

'ဝက်ဖို့ဒ်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ ပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ အိပ်မက် အမှန်တကယ် အကောင်အထည်ပေါ်လာလို့ပါ။ ဝက်ဖို့ဒ်အသင်းရဲ့ အနာဂတ် အစီအစဉ်နဲ့ နည်းပြဖလောရက်စ်ရဲ့ လက်အောက်မှာ နောက်တစ်ကြိမ် လေ့ကျင့်ကစားရမှာကို တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်' ဟု ဆွာရက်ဇ်က ပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly