ပေကျင်းတွင် ကိုဗစ်ကူးစက်မှု ပိုမိုဖြစ်ပွားနိုင်သဖြင့် အဆောက်အအုံဒါဇင်ပေါင်းများစွာကို ပိတ်ဆို့ထား

ပေကျင်းတွင် ကိုဗစ်ကူးစက်မှု ပိုမိုဖြစ်ပွားနိုင်သဖြင့် အဆောက်အအုံဒါဇင်ပေါင်းများစွာကို ပိတ်ဆို့ထား

တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုသည် စိုးရိမ်ဖွယ်နှုန်းဖြင့် မြင့်တက်နေသဖြင့် မြို့တော် ပေကျင်းတွင် စာသင်ကျောင်းများ ပိတ်ထားကာ ဒါဇင်နှင့်ချီသော အဆောက်အဦများကိုလည်း ပိတ်ဆို့ထားဆဲဖြစ်သည်။

ဧပြီ ၂၂ ရက်မှစ၍ မြို့တော်ပေကျင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုပေါင်း ၂၀၀ ကျော်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ဧပြီ ၃၀ ရက်တွင် ပြည်မကြီး၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ဒေသတွင်းကူးစက်မှုပေါင်း ၁၄၁၀ တွေ့ရှိခဲ့ပြီး ၄၇ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။

ဒေသတွင်းကူးစက်ခံရသူများအနက် ရှင်ဟိုင်းမှ ၁၂၄၉ ဦးပါဝင်ပြီး ကျန်ကူးစက်ခံရသူများမှာ ပေကျင်း၊ ကွမ်တုံး၊ စီချွမ်အပါအဝင် ပြည်နယ်အဆင့်ဒေသ ၁၄ ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။

ကိုဗစ်ကြောင့် သေဆုံးသ ၄၇ ဦးစလုံးမှာ ရှန်ဟိုင်းမှဖြစ်ပြီး နိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ စုစုပေါင်း ၅၀၂၂ ဦးရှိသည်ဟု ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။

ရှန်ဟိုင်းကဲ့သို့ ပိတ်ဆို့ခံရမှုကို ရှောင်ရှားရန်အတွက် မြို့တော် ပေကျင်းသည် စာသင်ကျောင်းများအားလုံးကို ပိတ်ထားကာ မင်္ဂလာဧည့်ခံပွဲများနှင့်အသုဘအခမ်းအနားများကိုလည်း ဆိုင်းငံ့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly