ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောဖြတ်သန်းခုတ်မောင်းမှုအပေါ် တရုတ်က ရှုတ်ချ

By Straits Times
01 May 2022
ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောဖြတ်သန်းခုတ်မောင်းမှုအပေါ် တရုတ်က ရှုတ်ချ

အမေရိကန်စစ်သင်္ဘောတစ်စီးက အကဲဆတ်သော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းပြီးနောက် တရုတ်စစ်တပ်က အဆိုပါမစ်ရှင်များသည် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေသည်ဟု ပြောဆိုလျက် အမေရိကန်အား ဝေဖန်ပြစ်တင်လိုက်သည်။ 

အမေရိကန်ရေတပ်က ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Sampson သည် နိုင်ငံတကာဥပဒေနှင့်အညီ ဧပြီ ၂၇ ရက်တွင် ထိုင်ဝမ်ရေလက်ကြားသို့ ပုံမှန်အတိုင်း ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် တစ်လလျှင် တစ်ကြိမ်ခန့် ထိုသို့ခုတ်မောင်းနေသောကြောင့် တရုတ်ကို စိတ်ဆိုးဒေါသထွက်စေသည်။ တရုတ်က ၎င်းပိုင်နက်အဖြစ် သဘောထားသော ဒီမိုရေစီနည်းကျအုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းကို ထောက်ခံသည့် လက္ခဏာများအဖြစ် ထိုလုပ်ရပ်များကို ရှုမြင်ထားသည်။
 
တရုတ်စစ်တပ်၏ အရှေ့တိုင်းကွပ်ကဲရေးက ၎င်းတို့တပ်ဖွဲ့များသည် သင်္ဘောကို စောင့်ကြည့်သတိပေးခဲ့ကြောင်း ပြောသည်။

US 7th Fleet အမေရိကန်ရေတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နီကိုလက်စ်လင်ဂိုက အမေရိကန်စစ်တပ်သည်နိုင်ငံတကာဥပဒေက ခွင့်ပြုထားသည့် မည်သည့်နေရာတွင်မဆို ပျံသန်းခြင်း ၊ ခုတ်မောင်းခြင်းနှင့် လှုပ်ရှားမှုများ လုပ်ဆောင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ သင်္ဘောခုတ်မောင်းခြင်းသည် လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်၏ ကတိကဝတ်ကို ပြသခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

နိုင်ငံအများစုကဲ့သို့ပင် အမေရိကန်သည် ထိုဝမ်နှင့် တရားဝင် သံတမန်ဆက်သွယ်ရေးမရှိသော်လည်း အရေးပါဆုံး နိုင်ငံတကာထောက်ခံအားပေးသူနှင့် လက်နက်ထောက်ပံ့သူအဖြစ် ရှိနေကာ တရုတ်နှင့်အမေရိကန်အစိုးရများအကြား တင်းမာမှုများ အဆက်မပြတ် ဖြစ်ပေါ်နေစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly