ပစိဖိတ်ဒေသတွင် တရုတ်၏ လှုပ်ရှားမှုများကို ဂျပန်က အနီးကပ် စောင့်ကြည့်နေ

ပစိဖိတ်ဒေသတွင် တရုတ်၏ လှုပ်ရှားမှုများကို ဂျပန်က အနီးကပ် စောင့်ကြည့်နေ

ပစိဖိတ်ကျွန်းနိုင်ငံများတွင် စစ်အခြေစိုက်စခန်း ထူထောင်မည်ကို အမေရိကန်နှင့် မဟာမိတ်များက စိုးရိမ်နေ သည့် လုံခြုံရေး သဘောတူစာချုပ်ကို တရုတ်နှင့် ဆော်လမွန်ကျွန်းစုက လက်မှတ်ရေးထိုးပြီးနောက် ရက်ပိုင်းအတွင်း အဆိုပါနိုင်ငံတွင် တရုတ်၏ လှုပ်ရှားမူများကို ဂျပန်က အနီးကပ် စောင့်ကြည့်နေကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက ပြောကြားခဲ့သည်။

ဂျပန်နှင့် တူဗာလူ ဝန်ကြီးချုပ်များတွေ့ဆုံပြီးနောက် ဂျပန်ဝန်ကြီးချုပ် ယင်းစိုးရိမ်မှုများကို ထုတ်ဖော် ပြောကြား ခဲ့သည်။

'ပစိဖိတ်ကျွန်းဒေသမှာ တရုတ်နဲ့ ပတ်သက်တဲ့ မကြာသေးမီက ဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်'ဟု ခူမာမိုတိုစီရင်စုတွင် သတင်းထောက်များအား ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး အသေးစိတ်ကို မဖော်ပြခဲ့ပေ။

'ပစိဖိတ်ကျွန်းဒေသမှာ တရုတ်ရဲ့ လုပ်ဆောင်မှုတွေကို စိတ်ဝင်တစားနဲ့ ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်' ဟု ၎င်းကို ကိုးကား၍ The Japan Times က ဖော်ပြခဲ့သည်။ 

ဆော်လမွန်ကျွန်းစုနှင့် တရုတ်တို့ ချုပ်ဆိုထားသော လုံခြုံရေးဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ အမေရိကန်က ဧပြီ ၂၃ ရက်တွင် အလွန်အမင်း စိုးရိမ်ပူပန်မှုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တရုတ်က ယင်းနေရာတွင် စစ်ဘက်ဆိုင်ရာ တည်ရှိနေမှုကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက အမေရိကန်က သင့်လျော်သလို တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။

ဧပြီ ၂၂ ရက်တွင် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဆော်လမွန်ကျွန်းစုနိုင်ငံ၊ ဟိုနီရာယာမြို့ သို့သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဂိုဂါဗာရာ၊ ၎င်း၏ အစိုးရအဖွဲ့၊ အကြီးတန်း ဝန်ထမ်း ၂၀ကျော်နှင့် မိနစ် ၉၀ ကြာတွေ့ဆုံခဲ့သည်။
 
ဝန်ကြီးချုပ် ဂိုဂါဗာရာနှင့် တွေ့ဆုံချိန်တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွက် အဓိက ဦးစား ပေးမှုများကို ထပ်လောင်းပြောကြားခဲ့ပြီး ဆော်လမွန်ကျွန်းစုပြည်သူများ၏ လူမှုဖူလုံရေးတိုးတက်စေရန် အမေရိကန်မှ လုပ်ဆောင်ရမည့် ခြေလှမ်းများကို
အလေးပေးဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly