သီရိလင်္ကာစီးပွားရေး ပြိုလဲပြီးနောက် တရုတ်ကြွေးမြီထောင်ချောက်ကို ပါကစ္စတန်တွင် စိုးရိမ်မှု များ မြင့်တက်နေ

သီရိလင်္ကာစီးပွားရေး ပြိုလဲပြီးနောက် တရုတ်ကြွေးမြီထောင်ချောက်ကို ပါကစ္စတန်တွင် စိုးရိမ်မှု များ မြင့်တက်နေ

တရုတ်ကြီးစိုးထားသော သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့၏ စီးပွားရေးများပြိုကျလာခြင်းမှ သတိပေးသင်ခန်းစာများ ထုတ်ယူကာ ပါကစ္စတန်၏ ရှိတ်ဘတ်ဇ် ရှရစ်ဖ်အစိုးရက အလားတူကံကြမ္မာဆီသို့ ကျဆင်းလာမှုကို ဟန့်တားရန် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအာဏာပိုင်အဖွဲ့(CPECA) ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

ပါကစ္စတန်စစ်တပ်မှ ကြီးစိုးထားသည့် အခွင့်အာဏာကို ယခုအခါ ပြန်လည်ဖွဲ့စည်းပြီး ယင်းအဖွဲ့ကို စီမံကိန်းနှင့် ဖွံ့ဖြိုး  တိုးတက်ရေးဝန်ကြီးဌာနနှင့် ပေါင်းစည်းမည်ဖြစ်သည်။

ယင်းလှုပ်ရှားမှုဖြင့် အစိုးရသစ်သည် စစ်တပ်ထံမှ စီးပွားရေးမူဝါဒချမှတ်မှုများကို ပြန်လည်ရယူခဲ့သည်။ ယခင်အီမာရမ်ခန်အစိုးရလက်ထက်တွင် စစ်တပ်သည် စီးပွားရေးမူဝါဒများကို လွှမ်းမိုးထားပြီး အဆိုပါ အာဏာပိုင် အဖွဲ့သည် ချုပ်ကိုင်မှုတွင် အစိတ်အပို်ငးတစ်ရပ်အဖြစ် ပါဝင်နေသည်။

ဆုံးဖြတ်ချက်အတွက် ချက်ခြင်းဒေါသဖြစ်ရခြင်းမှာ CPEC လျှပ်စစ်စီမံကိန်းများ၏ စက်တပ်ဆင်အား ၃၇ ရာခိုင် နှုန်း သို့မဟုတ် ၁၉၈၀ မဂ္ဂါဝပ်ကို တရုတ်ရင်းနှီးမြှုပ်နှံသူများကို ပေးရမည့်ရက်လွန်ကြေးများကို ပေးဆောင်ခြင်း မပြုခြင်းကြောင့် တရုတ်က ပိတ်လိုက်ခြင်းကြောင့် ဖြစ်ပုံရသည်။

တင်သွင်းလာသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၃ ရုံဖြစ်သည့် ဟော့ကို၊ ဆာဟီဝယ်လ်နှင့် ပို့ကွာဆင်တို့သည် လောင်စာမရရှိမှုကြောင့် ယင်းတို့၏ ယူနစ်နှစ်ခုအနက် တစ်ခုစီကို ပိတ်လိုက်ရသည်။ ယခင်အီမာရမ်ခန်အစိုးရက ရက်လွန်ကြေးများပျက်ကွက်ကြိမ်များသည့်အတွက် တရုတ်များက ဒေါသထွက် ခဲ့ကြသည်။

ထို့ကြောင့် အစိုးရက တစ်စိတ်တစ်ပိုင်း ရူပီး ၅၀ ဘီလီယံ ပေးချေပြီးနောက်တွင်ပင် တရုတ်ကုမ္ပဏီများက ရူပီး ၂၀ဝ ဘီလီယံကျော် ပေးချေရန် အစိုးရကို အခက်တွေ့စေမည့် ဓာတ်အားပေးစက်ရုံများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required