ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်တွင် တရုတ်တွင် အင်တာနက် ပိတ်ပင်ထား

By ANI
29 April 2022
ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်တွင် တရုတ်တွင် အင်တာနက် ပိတ်ပင်ထား

တရုတ်တွင် Youtube မှတစ်ဆင့် နိုင်ငံရေးဝေဖန်သူတစ်ဦးက ရှန်ဟိုင်းရှိ ဖူဒန်တက္ကသိုလ်ပရိဝုဏ်တွင် အင်တာနက် ပိတ်ပင်ထားပြီး တင်းကျပ်စွာ ပိတ်ဆို့ကန့်သတ်ထားကြောင်း ပြောကြားသည်။

မကြာသေးမီက ဖူဒန်တက္ကသိုလ်ပါမောက္ခနှင့် တရုတ်ကွန်မြူနစ်ပါတီဝင် ကျန်းဝေဝေက အာဏာပိုင်များ၏ ပြင်းထန်သော ပိတ်ဆို့ကန့်သတ်မှုနှင့် ကိုဗစ်ကင်းစင်ရေးမူဝါဒကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ဥရောပနှင့် အမေရိကန်တို့၌ ကျင့်သုံးသည့်ပုံစံများကို ဆန့်ကျင်ပြီး တရုတ်၏ နည်းလမ်းကောင်းကြောင်း ပြောဆိုသဖြင့် ဖူဒန်တက္ကသိုလ်မှ ပါမောက္ခ ငယ်တစ်ဦး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

Weibo တွင် Wechat စခရင်ရှော့ပေါ်၌ အခြေခံထားသည့် မှန်းဆချက် ပို့စ်များစွာရှိနေသော်လည်း အဖြစ် အပျက်ကို ခိုင်လုံသည့် သက်သေ၊ ရုပ်ပုံနှင့် ဗီဒီယို မတွေ့ရှိသေးပေ။

အခြားနိုင်ငံရေးဝေဖန်သူအချို့က ယင်းကိစ္စနှင့်ပတ်သက်၍ ပြောဆိုခဲ့ကြသော်လည်း ဖူဒန်တက္ကသိုလ် Weibo အကောင့်က ကောလာဟလသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။

ဖူဒန်တက္ကသိုလ်မှ ကျောင်းသားများသည် မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုနေကြပြီး သဲလွန်စများကို ပြီးခဲ့သော သီတင်းပတ်တွင် မြင်တွေ့နိုင်သည်ဟု ပင်မရေစီးကြောင်းမဟုတ်သော ဟောင်ကောင်မီဒီယာက ဖော်ပြခဲ့သည်။

ရှန်ဟိုင်းကျောင်းတုန်တက္ကသိုလ်၊ တုန်ကျီတက္ကသိုလ်၊ ဖူဒန်တက္ကသိုလ်နှင့် အရှေ့ပိုင်းတရုတ်သာမန်တက္ကသိုလ် များက လူတိုင်း အိမ်တွင်နေရန် လိုအပ်သော တစ်စိတ်တစ်ပိုင်း ပိတ်ဆို့မှု သို့မဟုတ် လုံးဝပိတ်ဆို့ကန့် သတ်ထားမည် ဖြစ်ကြောင်း အသိပေးထားသည်။

တရုတ်အစိုးရက ကျောင်းသားများ၏ မကျေနပ်မှုများ ကြီးထွားမလာစေရန် ရှန်ဟိုင်းရှိ တက္ကသိုလ်များကို အနီးကပ် အာရုံစိုက်နေကြောင်းလည်း ယုံကြည်ရသည်။

ရဲများကို ထိပ်တိုက်ရင်ဆိုင်သူများသည် ရှန်ဟိုင်းကျောင်းသားများဖြစ်ကြောင်း တယ်လီဂရမ်အဖွဲ့နှင့် တွစ်တာမှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်တစ်ခုက ဖော်ပြနေသော်လည်း အစစ်အမှန်ဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။

တရုတ်ဘဏ်လုပ်ငန်းရှင် ထန်ဟွေ့ယုသည် သမ္မတရှီဆန့်ကျင်ရေး မှတ်ချက်များပေး၍ ရှီဆန့်ကျင်ရေးအဖွဲ့နှင့် ပတ်သက်နေသောကြောင့် စုံစမ်းစစ်ဆေးရန် ခေါ်ဆောင်သွားခံရကြောင်းလည်း ၎င်းက ဆိုသည်။

တရုတ်ဒုသမ္မတ ဝမ်ချီရှန်း၏ အရေးပါသူ ၄ ယောက်ကိုလည်း ယခုအချိန်အထိ ရှီက အရေးယူထားသည်ဟု ၎င်းက ထောက်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly