ပေကျင်းတွင် အဆောက်အအုံအချို့ကို ပိတ်ဆို့ကာ နေထိုင်သူများအား ကိုဗစ်-၁၉ စမ်းသပ်မှု ၃ ကြိမ်ပြုလုပ်ရန် ညွှန်ကြား

ပေကျင်းတွင် အဆောက်အအုံအချို့ကို ပိတ်ဆို့ကာ နေထိုင်သူများအား ကိုဗစ်-၁၉ စမ်းသပ်မှု ၃ ကြိမ်ပြုလုပ်ရန် ညွှန်ကြား

တရုတ်နိုင်ငံမြို့တော် ပေကျင်းတွင် ဧပြီ ၂၃ ရက်က ကိုဗစ်ကူးစက်ခံရသူ ၂၂ ဦးတွေ့ရှိပြီးနောက် အကြီးဆုံးခရိုင်ရှိ အဆောက်အအုံ တစ်ဒါဇင်ကျော်ကို ပိတ်ဆို့ထားခဲ့သည်။

လူဦးရေ ၃ ဒသမ ၄၅ သန်းခန့်နေထိုင်သော ချောင်ယန်းခရိုင်တွင် နေထိုင်သူ သို့မဟုတ် အလုပ်လုပ်သောသူတိုင်းသည် ကိုဗစ်-၁၉ စမ်းသပ်မှု ၃ ကြိမ်ပြုလုပ်ရမည်ဖြစ်ကြောင်း ပေကျင်းအစိုးရက ဧပြီ ၂၄ ရက်တွင် ညွှန်ကြားခဲ့သည်။

ရောဂါပိုးတွေ့ရှိရသူများထဲတွင် သက်ကြီးရွယ်အိုများအတွက် ခရီးသွားလာရေးအဖွဲ့များနှင့် အိမ်တွင်း အလှဆင်မှုလုပ်သူများပါဝင်ပြီး ထိုသူများသည် နေရာအတော်များများကို ရောက်ရှိထားကြသည်။ ထိုကြောင့် ကူးစက်မှုအန္တရာယ် မြင့်မားနေဆဲဖြစ်ပြီး နောက်ရက်များတွင်လည်း ရောဂါကူးစက်မှု အရေအတွက် မြင့်တက်လာဖွယ်ရှိကြောင်း ပေကျင်းရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ပန်ရှင်းဟောင်က ပြောကြားခဲ့သည်။

ချောင်ယန်းခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ဧပြီ ၂၂ နှင့် ၂၃ ရက်များက ရောဂါကူးစက်ခံရသူ ၁၀ ဦးတွေ့ရှိခဲ့ပြီး အဆိုပါကျောင်းကို ကန့်သတ်စောင့်ကြည့်ထားသည်။
 
ဧပြီ ၂၃ ရက်မတိုင်မီ ၁၄ ရက်အတွင်း မြို့ပြခရီးစဉ်များ စီစဉ်ပေးခဲ့ကြသော ခရီးသွားကုမ္ပဏီများရှိ  ယာဉ်မောင်းများနှင့်ခရီးသွားလမ်းညွှန်များကို ရောဂါစစ်ဆေးခိုင်းထားပြီး အိမ်မှနေ၍ အလုပ်လုပ်ရန် ညွှန်ကြားထားသည်။

ချောင်ယန်းခရိုင်မှ ဒေသခံများသည် အသွားအလာပိတ်ဆို့ခံရမည်စိုးသောကြောင့် ဧပြီ ၂၄ ရက်ညနေပိုင်းက စားသောက်ကုန်များ စုဆောင်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly