ရေပြဿနာ ဆိုးရွားစွာ ရင်ဆိုင်နေရသော ၁၀ နိုင်ငံတွင် ပါကစ္စတန် ပါဝင်လာနိုင်

ရေပြဿနာ ဆိုးရွားစွာ ရင်ဆိုင်နေရသော ၁၀ နိုင်ငံတွင် ပါကစ္စတန် ပါဝင်လာနိုင်

ရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည့် ကမ္ဘာ့နိုင်ငံများ၏ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် ပါကစ္စတန်လည်း ပါဝင်မည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် အမြဲတမ်း ကိုယ်စားလှယ် မူနီအာ အက်ခရမ်က ပြောကြားလိုက်ပြီး ရေနှင့် ပတ်သက်သည့် ကိစ္စရပ်များက နိုင်ငံအပေါ် ဖိစီးလျက် ရှိသည်ဟု အလေးပေး ပြောသည်။

သန့်ရှင်းသော ရေ ဆိုင်ရာ ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းမည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ၆ အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး ပြောဆိုစဉ် အက်ခရမ်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ရေရှားပါးမှုနှင့် ပတ်သက်လာလျင် ပါကစ္စတန်သည် ထိပ်ဆုံးတွင် ရှိနေကြောင်း ၎င်းက ပြောကြားရင်း ရေနှင့် ပတ်သက်သည့် ကိစ္စများကို မီးမောင်းထိုး ပြခဲ့သည်ဟု ARY News က ဖော်ပြသည်။ 

ရာသီဥတု ပြောင်းလဲမှု၊ ရေကြီးရေလျှံဖြစ်မှုနှင့် မိုးခေါင်မှုတို့က ရေနှင့်ပတ်သက်သည့် ပြဿနာများကို ဖြစ်စေသည့် အကြောင်းရင်းများဖြစ်ကြောင်း ကုလဆိုင်ရာ ပါကစ္စတန် အမြဲတမ်းကိုယ်စားလှယ်က အလေးပေး ပြောသည်။

ရေရရှိရေး စီမံခန့်ခွဲမှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး မူနီအာ အက်ခရမ်က ပြောကြားရာတွင် ပိုမို ကျယ်ပြန့်သော ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို ထောက်ကူအားပေးခြင်း၊ ဒေသဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများကို ကိုင်တွယ်ခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုနှင့် အလိုက်သင့် ပြောင်းလဲနိုင်မှုကို ထောက်ကူခြင်းတို့နှင့် ပတ်သက်လျင် နယ်စပ်ဖြတ်ကျော် ရေ ပူးပေါင်းဆောင်ရွက်မှုက အဓိကကျပြီး အရေးကြီးသည့် အခန်းကဏ္ဍကနေ ရှိနေကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly