အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘတ် လေ့ကျင့်ခန်း ပြန်ဆင်းပြီ

အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘတ် လေ့ကျင့်ခန်း ပြန်ဆင်းပြီ

လန်ဒန်၊ ဇန်နဝါရီ ၃၀ ။        ။ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် အာဆင်နယ်တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ် အသင်းနှင့်အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည်။ ဝဲလ်ဘတ်သည် ဒူးဒဏ်ရာကြောင့် ၂၀၁၅ ခုနှစ်၊ ဧပြီလ ကတည်းက အနားယူနေရသူ ဖြစ်သည်။

ဝဲလ်ဘတ်၏ ဒူးဒဏ်ရာကို ပြီးခဲ့သည့် စက်တင်ဘာလက ခွဲစိတ်ကုသခဲ့ရပြီး ယခုအချိန်မှ ပြန်လည်သက်သာလာခြင်း ဖြစ်သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဝဲလ်ဘတ်သည် ပြိုင်ပွဲများနှင့် အချိန်ကာလ ကြာမြင့်စွာဝေးကွာနေသည့်အတွက် ယူ-၂၁ အသင်းတွင် ပထမဆုံး ပြန်လည်ကစားစေမည်ဖြစ်ပြီး ထို့နောက်တွင်မှ တစ်ဆင့်ချင်းတက်ကာ အသင်းကြီးတွင် အသုံးပြုသွားမည်ဟု ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly