Girls’ Generation အဖွဲ့ဝင် Tiffany နှင့် ရက်ပါ ဂရေးတို့ တွဲခုတ်နေသည်ဟု သတင်းများ ထွက်ပေါ်

Girls’ Generation အဖွဲ့ဝင် Tiffany နှင့် ရက်ပါ ဂရေးတို့ တွဲခုတ်နေသည်ဟု သတင်းများ ထွက်ပေါ်

ဆိုးလ်၊ ဇန်နဝါရီ ၃၀။             ။  တောင်ကိုရီးယား SM Entertainment ၏ ထိပ်တန်း အမျိုးသမီးအဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့ဝင် Tiffany သည် AOMG မှ ရက်ပါ ဂရေးနှင့် တွဲနေသည်ဟု ကောလဟာ လသတင်များ ထွက်ပေါ်လျက် ရှိသည်။

Tiffany နှင့် ဂရေးတို့ တွဲနေသည်မှာ ယခုဆိုလျှင် သုံးလခန့်ရှိပြီဖြစ်ကြောင်းနှင့် ၎င်းတို့ နှစ်ဦးလုံးသည် ဂီတကို ခုံမင်နှစ်သက်သူများ ဖြစ်ခြင်းကြောင့် ခံစားချက်များ ပေါက်ဖွားခဲ့ခြင် းဖြစ်ကြောင်း သတင်းအရင်းမြစ်များက ပြောကြားသည်။

"သူတို့နှစ်ဦးဟာ အချိန်နဲ့နေရာကို ဂရုမထားဘဲ တစ်ဦးပေါ်တစ်ဦး သဲသဲလှုပ် ချစ်ကြတယ်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ရက်ပါများနှင့် ဟစ်ဟော့ပ် အဆိုတော်တွေကြားထဲမှာတော့ လူသိ များပါတယ်” ဟု  ၎င်းတို့နှစ်ဦးနှင့် ရင်းနှီးသော တေးဂီတ အသိုင်းအဝိုင်းက ပြောကြားသည်။

သို့ရာတွင် SM Entertainment ကိုယ်စားလှယ်က Tiffany နှင့် ဂရေးတို့နှစ်ဦး တွဲနေသည် ဆိုသည့် သတင်းမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ရင်းနှီးသော သူငယ်ချင်းများ သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရက်ပါဂေးသည် တေးသီချင်း ချိုချိုလေးများနှင့် ဖက်ရှင်ကြောင့် လူသိများသည့် အဆိုတော် တစ်ဦး ဖြစ်သည်။ Tiffany သည် အမျိုးသား အဆိုတော်အဖွဲ့ 2PM အဖွဲ့ဝင် နစ်ခ်ဟန်နှင့် နောက်ဆုံး တွဲခဲ့ပြီး မေလတွင် လမ်းခွဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly