ကြေးနီစီမံကိန်းများရပ်တန့်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၂၀ ရာဇသံပေး၊ မလိုက်နာလျှင် ပြင်းထန်စွာ တိုက်ခိုက်မည်ဟုဆို(အင်တာဗျူး)

ကြေးနီစီမံကိန်းများရပ်တန့်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၂၀ ရာဇသံပေး၊ မလိုက်နာလျှင် ပြင်းထန်စွာ တိုက်ခိုက်မည်ဟုဆို(အင်တာဗျူး)

ဧပြီီလ၂၂ ရက်   

ဒေသတွင်းကြေးနီစီမံကိန်းများအား တော်လှန်ရေးကာလအတွင်း လုပ်ငန်းလည်ပတ်ခြင်း ခွင့်မပြုနိုင်တော့ကြောင်း နှင့် ကုမ္ပဏီလုပ်သားများအနေဖြင့် မေလ ၅ ရက်နေ့နောက်ဆုံးထားကာ CDM ပြုလုပ်ကြရန် ဆားလင်းကြီး-ယင်းမာပင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၂၀ က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံမှ ယန်စီ၊ ဝမ်ပေါင်ကုမ္ပဏီတို့ပူးတွဲလုပ်ဆောင် နေသော ကြေးစင်တောင်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းများသည် ဒေသခံပြည်သူများနှင့် တရားမျှတမှု ကိုတောင်းဆိုကြသော အင်အားစုများ၏ နှစ်ရှည် ဆန့်ကျင်ခံခဲ့ရသည့် သမိုင်းကြောင်းလည်းရှိခဲ့သည်။

ထိုစီမံကိန်းများသည် စစ်အာဏာရှင်၏ ဝင်ငွေရလမ်းတစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုဘဝတိုးတက်ရေးကို ကိုယ်စားပြုလုပ်ဆောင်နေခြင်းမဟုတ်သည့်အတွက် ဆက်လက်ဆန့်ကျင်ကာ လုပ်ငန်းရပ်တန့်ရန် ကြိုးစားသွား မည်ဟု တော်လှန်ရေးတပ်ဖွဲ့များကဆိုသည်။

ထိုအကြောင်းအရာနှင့်ပတ်သတ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိလျှင် ပြင်းထန်သည့်တိုက်ခိုက်မှုများ လုပ်ဆောင် မည်ဟု မဟာမိတ်အဖွဲ့ဝင် Salingyi G-Z Local PDFမှ ဗိုလ်စစ်နိုင်က ဖြေကြားသည်။

အာဏာသိမ်းစစ်ကောင်စီသည် အဆိုပါကြေးနီစီမံကိန်းများတည်ရှိသော ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့ နယ်အတွင်း ဖိနှိပ်မှုများပြုလုပ်လျှက်ရှိပြီး မတရားဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ရွာလုံးကျွတ်မီးရှို့ခြင်းများကို ဆောင် ရွက်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required