ဂျပန်တွင် ပထမဆုံး ပရိတ်သတ်တွေ့ဆုံပွဲ လုပ်ခဲ့တဲ့ လီမင်ဟို

ဂျပန်တွင် ပထမဆုံး ပရိတ်သတ်တွေ့ဆုံပွဲ လုပ်ခဲ့တဲ့ လီမင်ဟို

ဆိုးလ်၊ ဇန်နဝါရီ ၂၉ ။              ။ တောင်ကိုရီးယားမင်းသား လီမင်ဟိုသည်  ယခုနှစ် ၎င်း၏ ပထမဆုံး ပရိတ်သတ်တွေ့ဆုံပွဲကို ဂျပန်နိုင်ငံ ဟိုကိုဟာမာမြို့တွင် ကျင်းပခဲ့ရာ ပရိတ်သတ် ၁၀၀၀၀ ခန့် တတ်ရောက်ခဲ့သည်။

ယင်းတွေ့ဆုံပွဲသည် ပြီးခဲ့သည့်နှစ်က ၎င်းပါဝင် သရုပ်ဆောင်ထားသော “Gangnam Bluse”  ဇာတ်ကား ရုံမတင်မီ အထူးပြပွဲသို့ တတ်ရောက်ခဲ့သည့် ဇူလိုင်လမှစ၍ ဂျပန်နိုင်ငံတွင် ပြုလုပ်သော ၎င်း၏ ပထမဆုံး ပရိတ်သတ် တွေ့ဆုံပွဲဖြစ်သည်။

မိနစ် ၁၅၀ တွေ့ဆုံပွဲတွင် “Thank You” နှင့် “Stalker” အပါအဝင် တေးသီချင်းများ သီဆိုခဲ့ပြီး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ “Boys Over Flowers”  ဇာတ်ဝင်တေးသီချင်းဖြစ်သော ဂျပန်တေးသီ ချင်း “My Everything” တေးသီချင်းကိုလည်း သီဆိုခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ လီမင်ဟိုသည် တွေ့ဆုံပွဲတွင် ပရိသတ်များနှင့်အတူ ဂိမ်းကစားခြင်း၊ အမေးအဖြေ ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ “ဆက်သွယ်မှုပြုတာဟာ စကားပြောခြင်း က စတင်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ပရိတ်သတ်တွေနဲ့ ပိုမိုထိတွေ့ဖို့ ဒီလိုပွဲတွေကို ပိုပြီး ကျင်းပ ဖို့ ကြိုးစားသွားမှာပါ” ဟု လီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly