တရုတ်၌ လောင်စာဆီဈေး ကျင်းဆင်းပြီး ဆိုးရွားလာသောကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဝယ်လိုအားထိခိုက်မည်ကို ပိုမို စိုးရိမ်လာ

တရုတ်၌ လောင်စာဆီဈေး ကျင်းဆင်းပြီး ဆိုးရွားလာသောကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဝယ်လိုအားထိခိုက်မည်ကို ပိုမို စိုးရိမ်လာ

ကမ္ဘာ့ရေနံအများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်သော တရုတ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာသဖြင့် ဝယ်လိုအားအတွက်စိုးရိမ်မှုများရှိနေချိန်တွင် ဧပြီ ၁၁ ရက်က ရေနံ‌ဈေး ပြန်လည် ကျဆင်းခဲ့သည်။

စင်ကာပူစံတော်ချိန် နံနက် ၁၁ နာရီ ၃၃ မိနစ်၌ West Texas Intermediate ရှယ်ယာများသည် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၀၅ ရှိကာ ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ Brent ရေနံစိမ်းရှယ်ယာများမှာမူ အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၅၇ သို့ရောက်ရှိကာ ၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ရှန်ဟိုင်းတွင် ဆက်လက်မြင့်တက်နေပြီး ကန့်သတ်မှုများ ဖြေလျှော့မည့်အချိန်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဆိပ်ကမ်းများတွင် အဟန့်အတားများ ကြုံတွေ့နေရပြီး တချို့သော ရေနံသန့်စင်စက်ရုံများမှာ လုပ်ငန်းလည်ပတ်မှု လျှော့ချခဲ့ရသည်။ ဖေဖော်ဝါရီလ နှောင်းပိုင်းက ယူကရိန်းကို ရုရှားကျူးကျော်ပြီး ကုန်သွယ်မှုများ ဖရိုဖရဲဖြစ်ပြီးကတည်းက ရေနံသည် အကျိုးအမြတ်အများစုကို စွန့်လွှတ်လိုက်ရသည်။

စစ်ကြောင့် ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေခဲ့ပြီး ဈေးနှုန်းများ ငြိမ်စေရေးအတွက် မဟာဗျူဟာမြောက် အရန်သိုလှောင်ထားမှုများကို ထုတ်ရန် အမေရိကန်နှင့်မဟာမိတ်များအား တိုက်တွန်းခဲ့သည်။

တရုတ်သည် ကိုဗစ်-၁၉ လုံးဝကင်းစင်ရေး မဟာဗျူဟာကို လုပ်ဆောင်စဉ်ရင်း အသွားအလာပိတ်ဆို့မှုများနှင့် အစုလိုက် ရောဂါစမ်းသပ်ခြင်းများနှင့်အတူ လွန်စွာကူးစက်လွယ်သော အိုမီခရွန်မျိုးကွဲကို ရပ်တန့်ရန် ကြိုးစားရုးန်ကန်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly