တရုတ်တွင် ကိုဗစ်-၁၉ အကျပ်အတည်းကြောင့် ဂျီဒီပီ လျာထားချက် မပြည့်မီနိုင်

တရုတ်တွင် ကိုဗစ်-၁၉ အကျပ်အတည်းကြောင့် ဂျီဒီပီ လျာထားချက် မပြည့်မီနိုင်

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် ကိုဗစ်အကျပ်အတည်းကို ကိုင်တွယ်ရာတွင် တင်းကျပ်ပြင်းထန်မှု ကြောင့် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်များကြန့်ကြာခြင်း၊ ဆိပ်ကမ်းများတွင် နှောင့်နှေးခြင်းနှင့် ရှန်ဟိုင်းပိတ်ဆို့ ကန့်သတ်မှုများကြောင့် နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ်ခြိမ်းခြောက်နေရာတွင် အထူးသဖြင့် နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) ရည်မှန်းချက်များကို ထိခိုက်လာစေသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံသည် ၂၀၂၁ခုနှစ်နှောင်းပိုင်းတွင် စီးပွားရေး ကျဆင်း သွားပြီး တိုးတက်မှုမှာလည်း ထပ်မံ ဆိုးရွာနေပြန်သည်။

၂၀၂၁ခုနှစ်က အိမ်ခြံမြေဈေးကွက် ကျဆင်းမှုနှင့် စည်းကမ်းထိန်းသိမ်းအဖွဲ့များ၏ ဖိနှိပ်မှုများကြောင့် မူဝါဒချမှတ် သူများက ၂၀၂၂ခုနှစ်အတွက် GDP ရည်မှန်းချက်ကို ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးသို့ သတ်မှတ်ခဲ့ကြောင်း Dawn က ဖော်ပြခဲ့သည်။ 

နေအိမ်များတွင်သာ နေထိုင်ခိုင်းခြင်းနှင့် အဓိကမြို့ကြီးများတွင် ထုတ်လုပ်မှုကို ရပ်တန့်ရန် ပိတ်ဆို့ကန့်သတ်မှု ညွှန်ကြားချက်များနှင့် စားသုံးသူအသုံးစရိတ်ကို ကျဆင်းစေခြင်းကြောင့် လျာထားရည်မှန်းချက် ၅ ဒသမ ၅ ရာခိုင်နှုန်းကို ရရှိရန် ခက်ခဲလိမ့်မည်ဟု ပြင်သစ်အခြေစိုက် မီဒီယာတစ်ခုနှင့် တွေ့ဆုံရာတွင် သုတေသီများက ပြောကြားခဲ့သည်။

တစ်နှစ်တာလုံးအတွက် GDP တိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်း ခန့်မှန်းထားကြောင်း ပြင်သစ်အခြေစိုက် မီဒီယာတစ်ခုသို့ ဘဏ္ဍာရေးအဖွဲ့အစည်း ၁၂ ခုမှ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မီဒီယာ၏ ဖော်ပြချက်အရ လွန်ခဲ့သည့်သုံးလတွင် မှတ်တမ်းတင်ထားသော ၄ ရာခိုင်နှုန်းထက် အနည်းငယ် သာလွန်သည့် ပထမသုံးလပတ်အတွက် ၄ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်ဟု ၎င်းတို့က မျှော်လင့်ထားသည်။

မတ်လတွင် ကိုဗစ်ကူးစက်မှုမြင့်တက်လာခြင်းနှင့် တရုတ်အာဏာပိုင်များ၏ ကန့်သတ်ချက်များကြောင့် “ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်များနှင့် စက်မှုလုပ်ငန်းများကို ဆိုးရွားစွာ အနှောင့်အယှက်ဖြစ်စေခဲ့သည်” ဟု ဆိုသည်။

တရုတ်အစိုးရ၏ ကိုဗစ်အစီအမံများကြောင့် ကဏ္ဍများစွာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ထောက်ပံ့ ရေးကွင်းဆက်များ ပြင်းထန်စွာ ထိခိုက်ခြင်းကြောင့် စီးပွားရေးအချက်အချာကျသော ရှန်ဟိုင်းတွင် ဆက်လက် ပိတ်ဆို့ကန့်သတ်ထားပါက ထုတ်လုပ်မှုကို လုံးဝရပ်ဆိုင်းသွားနိုင်ကြောင်း ယခုသီတင်းပတ်တွင် ကားထုတ် လုပ်သူများက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly