တရုတ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာမှုကြောင့် iPhone ထုတ်လုပ်မှုကို ခြိမ်းခြောက်နေ

တရုတ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာမှုကြောင့် iPhone ထုတ်လုပ်မှုကို ခြိမ်းခြောက်နေ

တရုတ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာမှုကြောင့် ကျန်ကျိုးလေဆိပ်စီးပွားရေးဇုန်တစ်ခုလုံးကို ပိတ်ဆို့ကန့်သတ်လိုက်ခြင်းက iPhone ထုတ်လုပ်တင်ပို့မှုကွင်းဆက်ကို ခြိမ်းခြောက်နေသည်။

၁၄ ရက်ကြာ ပိတ်ဆို့ကန့်သတ်မှုအသစ် ဧပြီလ ၁၆ရက်တွင် စတင်အသက်ဝင်လာပြီးနောက် တရုတ်နိုင်ငံ အလယ်ပိုင်း ကျန်ကျိုးရှိ Foxconn ထုတ်လုပ်ရေးစက်ရုံများတွင် iPhone ထုတ်လုပ်မှု ရပ်တန့်သွား ဖွယ်ရှိ
ကြောင်း Taiwan News သတင်းက ဖော်ပြခဲ့သည်။

ပိတ်ဆို့ကန့်သတ်မှုတွင် Foxconn ၏ စက်ရုံများတည်ရှိရာ ကုန်ထုတ်လုပ်မှုအချက်အချာဖြစ်သော ကျန်ကျိုး လေဆိပ်စီးပွားရေးဇုန်တစ်ခုလုံး အကျုံးဝင်နေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

၂ ပတ်ကြာ ပိတ်ဆို့ကန့်သတ်မှုကာလအတွင်း ယာဉ်များ သို့မဟုတ် လူများကို ထွက်ခွင့်မပြုပေ။ သို့သော်၄၈ နာရီအတွင်း PCR စစ်ဆေးထားပြီး ရောဂါမရှိကြောင်းပြသပါက အဆက်အသွယ် ခြေရာခံအက်ပ်ပလီကေးရှင်းမှ တစ်ဆင့် အတည်ပြုထားသော ခရီးသွားခွင့်အတွက် လိုအပ်သော QR ကုဒ်များ ကို စကင်န်ဖတ်ခြင်းဖြင့် အာဏာပိုင်များက တချို့သော လူများအား ပိတ်ဆို့ကန့်သတ်မှု စစ်ဆေးရေး ဂိတ်များမှ တစ်ဆင့် ဖြတ်သန်းခွင့်ပြုမည်ဖြစ်သည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုများသည် Foxconn ၏ လုပ်ငန်းုများကို အကျိုးသက် ရောက်စေနိုင်ပြီး Apple ၏ ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ကျန်ကျိုးရှိ Foxconn စက်ရုံမှ သောင်းနှင့်ချီသော အလုပ်သမားများကို ဧပြီ ၁၄ရက်တွင်ကင်းလွတ်ခွင့်မရှိ စစ်ဆေးစမ်းသပ်ပြီးနောက် ပိတ်ဆို့ ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်အာဏာပိုင်များက ရောဂါဖြစ်ပွားမှုများကို တွေ့ရှိပါက ကုန်ထုတ်လုပ်ငန်းခွင်တစ်ခုလုံးကို တင်းကျပ်စွာ ပိတ်ပစ်လေ့ရှိသောကြောင့် ကုန်ထုတ်လုပ်မှုကို ထိခိုက်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly