တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် စီးပွားရေးများ ထိခိုက်

တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် စီးပွားရေးများ ထိခိုက်

တရုတ်အစိုးရ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒဖြင့် မြို့ကြီးများတွင် အလုံးစုံ ပိတ်ဆို့ကန်သတ်ထားမှုများကြောင့် ငွေကြေးဖောင်းပွမှု တိုးလာခြင်းနှင့် ကမ္ဘာပေါ်တွင် ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးသည့် ကွင်းဆက်များ ပြတ်တောက်သွားခြင်းနှင့်အတူ နိုင်ငံ၏ စီးပွားရေးထိခိုက်စေခဲ့သည်။

ယင်းအချက်ကို တရုတ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆိုသော်လည်း ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် တင်းကျပ်သည့် အစီအမံများကြောင့် ရှန်ဟိုင်းနှင့် အခြားမြို့များတွင် လုပ်ငန်းများ ရပ်နားထားသည့် ကုမ္ပဏီ ကြီးများနှင့် စက်မှုလုပ်ငန်းများကို စတင်သက်ရောက်နေပြီဟု The Hong Kong Post က ဖော်ပြခဲ့သည်။

တရုတ်၏ အဓိကဘဏ္ဍာရေးဗဟိုချက်ဖြစ်သည့် ရှန်ဟိုင်းတွင် နှစ်ပတ်နီးပါး ပိတ်ဆို့ကန့်သတ်ထားသဖြင့် သန်းနှင့်ချီသောလူများသည် နေအိမ်များတွင် ပိတ်မိကာ အစာရေစာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ ဆာလောင်နေသော ဒေသခံများက အစိုးရကို ဆန့်ကျင်ဆန္ဒပြနေသောကြောင့် မငြိမ်မသက်မှုများ ဖြစ်စေခဲ့သည်။

ရှန်ဟိုင်းတွင် 'စံချိန်တင် ကူးစက်မှုအသစ် ၂၁,ဝဝဝ နှင့် လူ ၂၆ သန်းကို ပိတ်ဆို့ကန့်သတ်ထားပြီး တတိယနေ့ ဆက်တိုက် ကိုဗစ်စမ်းသပ်မှုများက ဖြေလျှော့မှုလက္ခဏာမပြဘဲ တခြားမြို့ကြီးများ မကြာသေးမီက ကူးစက်မှု မရှိသော နေရာများတွင်ပင် တင်းကျပ်သည့် အစီအမံများချမှတ်ခဲ့သည်' ဟု သတင်းဌာနတွေကို ကိုးကားပြီး The Hong Kong Post တွင် ရေးသားထားသည်။

ထို့ပြင် ကမ္ဘာ့အစည်ကားဆုံးလေဆိပ်များထဲမှ တစ်ခုဖြစ်သည့် ရှန်ဟိုင်းသို့ ခရီးသည် တင်လေကြောင်း ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး ရှန်ဟိုင်းနှင့် ဥရောပမြောက်ပိုင်းအကြား လေကြောင်းကုန်စည်ပို့  ဆောင်ခနှုန်း ထားများမှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေကာ ရောဂါဖြစ်ပွားမှုမတိုင်မီ အချိန်ထက် ၄၃ ရာခိုင်နှုန်း သိသိသာသာ တိုးမြင့်လာခဲ့သည်။

'တရုတ်မြို့ကြီး ၂၃မြို့သည် အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ကန့်သတ်မှုကို အကောင်အထည် ဖော်ခဲ့သည်' ဟု ခန့်မှန်းရပြီး အထူးသဖြင့် အဆိုပါမြို့များသည် တရုတ်ဂျီဒီပီ ၏ ၂၂ ရာခိုင်နှုန်း ရှိသည်။

ပိတ်ဆို့ကန့်သတ်မှုများချမှတ်ထားချိန်တွင် တရုတ်နှင့် ထိုင်ဝမ် ထုတ်လုပ်သူများ ပိုင်ဆိုင်သည့် စက်ရုံကြီးများ ပိတ်ထားခဲ့ပြီး ဆိပ်ကမ်းများတွင် ကုန်စည်တင်ချနှေးကွေးခြင်းကြောင့် ပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိသည်။

Goldman Sachs က ၂၀၂၂ခုနှစ်တွင် တရုတ်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်း သာရှိမည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly