တရုတ်က ကိုဗစ်-၁၉ ကြောင့် အမှန်တကယ်သေဆုံးရမှုများကို ဖုံးကွယ်ထား

တရုတ်က ကိုဗစ်-၁၉ ကြောင့် အမှန်တကယ်သေဆုံးရမှုများကို ဖုံးကွယ်ထား

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု များပြားလာချိန်တွင် အစိုးရသည် သေဆုံးရသည့်အကြောင်းရင်းကို ဖုံးကွယ်ထားခြင်းဖြင့် အမှန်တကယ်သေဆုံးမှုအရေအတွက်ကို ဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်။

တစ်စုံတစ်ဦးသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြီးနောက် သေဆုံးသွားသော်လည်း သေဆုံးချိန်တွင် ဥပမာအားဖြင့် ကင်ဆာ ၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါများရှိနေပါက တရုတ်ဆေးရုံများသည် သေဆုံးမှုကို ကိုဗစ်ကြောင့်ဟု မသတ်မှတ်ပဲ ထိုအစား နာတာရှည်ရောဂါကြောင့်ဟုသာ မှတ်တမ်းတင်ကြကြောင်း Taiwan News က ဖော်ပြသည်။

“အရေအတွက်က မတိကျပေမယ့် ရှန်ဟိုင်းဆေးရုံတွေဟာ ဒါကို တမင်တကာ လုပ်တာတော့မဟုတ်ပါဘူး။ အစကတည်းက တရုတ်က ဒီနည်းနဲ့ပဲ မှတ်တမ်းတင်တာပါ” ဟု ဟောင်ကောင်တက္ကသိုလ်မှ ဗိုင်းရပ်စ်ဗေဒပညာရှင် ဂျင်ဒေါင်ယန်းက ချွတ်ယွင်းသောစနစ်ကို အတည်ပြုခဲ့သည်။

မတ်လ ၁ ရက်မှစ၍ တရုတ်နိုင်ငံတွင် ရောဂါကူးစက်သူ ၄၄၃ ၀၀၀ ဦးရှိသည့်အနက် ၂ ဦးမျှသာ သေဆုံးကြောင်း မှတ်တမ်းတင်ထားပြီး ထို ၂ ဦးစလုံးမှ မြောက်ကိုရီးယားနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကျီလင်းပြည်နယ်မှ ဖြစ်သည်။ သို့သော် ရှန်ဟိုင်းမှ ဆွေမျိုးများသည် ရောဂါကူးစက်ခံရပြီးနောက် သေဆုံးသွားကြကြောင်း ဒေသခံများက Financial Times ကို ပြောကြောင်း Taiwan News သတင်းတွင် ဖော်ပြသည်။

တရုတ်အာဏာပိုင်များ၏ သေဆုံးမှုစာရင်းကို အမျိုးအစားခွဲခြားသည့်ပုံစံကြောင့် မှတ်တမ်းတင်မှုကွာဟရခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်သူများအကြား သေဆုံးရသည့်အကြောင်းရင်းကို ရည်ညွှန်းသော တရုတ်နည်းပညာသည် နောက်ဆုံးအိုမီခရွန်လှိုင်းကြောင့် သေဆုံးမှုအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း Financial Times နှင့်တွေ့ဆုံမေးမြန်းခန်းဖြေဆိုခဲ့သော ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက ပြောသည်။

ကိုဗစ်-၁၉ စံချိန်တင်ဖြစ်ပွားမှုသည် အစိုးရကိုယ်တိုင်လုပ်ဆောင်သည့် နိုင်ငံ့အကျပ်အတည်း ဖြစ်လာနိုင်စေသည့် ခြိမ်းခြောက်မှုများရှိနေသောကြောင့် တရုတ်နိုင်ငံတစ်လွှားတွင် မြို့များနှင့် ဒေသခံများကို အသွားအလာကန့်သတ်ထားသလို ထောက်ပံ့ရေးကွင်းဆက်များလည်း အပြတ်တောက်လျက်ရှိပြီး အခြေခံကုန်ပစ္စည်းများ စီးဆင်းနိုင်စေရန် တာဝန်ရှိသူများက ရုန်းကန်နေကြရသည်။

အာဏာပိုင်များသည် ကူးစက်မြန်သော အိုမီခရွန်မျိုးကွဲပျံ့နှံ့မှုကို တားဆီးရန် မဆုတ်မနစ်ကြိုးစားရင်း တရုတ်နိုင်ငံ မြို့ကြီး ၄၄ မြို့ထက်မနည်းကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအားဖြင့် အသွားအလာပိတ်ဆို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly