ဒလိုင်းလားမား ခန့်အပ်ရေးကို တရုတ်က ကြိုးကိုင်ရန် ကြိုးပမ်းနေ

ဒလိုင်းလားမား ခန့်အပ်ရေးကို တရုတ်က ကြိုးကိုင်ရန် ကြိုးပမ်းနေ

တိဗက်ဘာသာရေး ခေါင်းဆောင်များ ခန့်အပ်ရာတွင် တရုတ်က ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယခုအခါ တရုတ်သည် ဒလိုင်းလားမားအသစ် ခန့်အပ်ခြင်းအပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေပြီး ၎င်းတို့ခန့်အပ်လိုက်သည့် ခေါင်းဆောင်ကို သံခင်းတမန်ခင်း နည်းလမ်းကို အသုံးချကာ ဗုဒ္ဓဘာသာနိုင်ငံများက ရွေးချယ်သော လက်ခံစေရန် ကြိုးပမ်း နေကြောင်း Tibet Rights Collective အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရားမဝင်သိမ်းပိုက်ထားသောတိဗက်တွင် တရုတ်မူဝါဒများ အကောင်းမြင်စေရေး အာရုံစိုက်ကာ အတုအယောင်ဇာတ်လမ်း တည်ဆောက်ရန် တရုတ်က ကြိုးပမ်းပြီး တိဗက်ကို သိမ်းပိုက်ရခြင်းအတွက် သမိုင်း ဆိုင်ရာဖြစ်ရပ်မှန်များကို အကြောင်းပြပြီး ကြိုးကိုင်ချယ်လှယ်နေခြင်းသည် 'တရားဝင်မှု' ကို လိုလား တောင့်တ နေကြောင်း ဖော်ပြနေသည်ဟု မူဝါဒရေးရာ သုတေသနအဖွဲ့က ဆိုသည်။

တိဗက်ဘာသာရေး အဖွဲ့အစည်း များကို ထိန်းချုပ်ရာတွင် တရုတ်အစိုးရ၏ မအောင်မြင်မှုကို ၁၁ ဆက်မြောက် ပန်ချန်လားမား ခန့်အပ်ခဲ့စဉ်က ဥပမာအား ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၁၉၈၉ခုနှစ်တွင် ၁၀ ယောက်မြောက် ပန်ချန်လားမား ကွယ်လွန်ပြီးနောက် ၁၄ ယောက်မြောက် ဒလိုင်းလားမား တန်ဇန်ဂတ်ဆိုက ၆ နှစ်အရွယ် ဂတ်ဟန် ချိုကီညီမာကို ၁၁ ယောက်မြောက် ပန်ချန်လားမား အဖြစ် သတ်မှတ် ခဲ့သည်။

နောက်ပိုင်းတွင် တရုတ်တပ်မတော်မှ အသက် ၆နှစ်အရွယ် ပန်ချန်လာမားနှင့် ယင်း၏ မိသားစုအား ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး မည်သည့်နေရာတွင် ရှိနေသည်ကို ယနေ့အချိန်အထိ မသိရသေးပေ။ ထို့နောက် ကွေစိန်နော်ဘူးကို ၁၉၉၅ ခုနှစ်တွင် တရုတ်အစိုးရက 'တရားဝင်' ၁၁ ယောက်မြောက် ပန်ချန် လားမား အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ယင်းအချိန်ကတည်းက ၁၄ ယောက်မြောက် ဒလိုင်းလားမား နှင့် တိဗက်အသိုက်အဝိုင်းက ပြင်းထန်းစွာ ရှုတ်ချခဲ့သည်။

ကွေစိန်နော်ဘူးကို ၁၁ ယောက်မြောက် ပန်ချန်လားမား အဖြစ် တိဘက်တဝိုက်ရှိ ပိုစတာများတွင် မတွေ့မြင်ရဘဲ ၁၀ ယောက်မြောက် ပန်ချန် လားမားပုံများကိုသာ ပို၍မြင်တွေ့ရကြောင်း အစီရင်ခံစာက ထပ်လောင်း ဖော်ပြခဲ့ပြီး ယင်းခန့်အပ်မှုကို တစ်နည်းအားဖြင့် တိဘက်လူမျိုးများသည် တရားဝင်ခန့်အပ်မှုအဖြစ် လုံးဝ လက်မခံ ကြောင်း ဖော်ပြနေသည်ဟု ဆိုသည်။

ထို့ကြောင့် တရုတ်သည် ၂၀ဝ၆ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်ကို ကျင်းပရန် တရုတ် ဗုဒ္ဓဘာသာ အသင်းတွင် နော်ဘူကို ဒု-ဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly