ယူကရိန်းအား နောက်ထပ် အကြီးစား စစ်ရေးအကူအညီ ပေးရေး ဂျိုး ဘိုင်ဒင်က ကြေညာရန် ရှိ 

ယူကရိန်းအား နောက်ထပ် အကြီးစား စစ်ရေးအကူအညီ ပေးရေး ဂျိုး ဘိုင်ဒင်က ကြေညာရန် ရှိ 

ဧပြီ ၂၀

ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပမာဏနှုန်းထားအတိုင်းပင် ယူကရိန်းအား နောက်ထပ် စစ်ရေးအကူအညီများ ပေးသွားရေးကို လာမည့်ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က ကြေညာဖြစ်ရန် ရှိကြောင်း ယင်းအရေးနှင့် နီးစပ်သော သတင်းရင်းမြစ်များက အင်္ဂါနေ့တွင် ပြောသည်။ 

ယခု အကူအညီသစ်သည့် ပြီးခဲ့သည့် အကူအညီ ပမာဏလောက်ရှိမည်ဖြစ်သော်လည်း အသေးစိတ်ကို စီစဉ်ဆောင်ရွက်နေဆဲဖြစ်သည်ဟု အမည်မဖော်သော အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ယခု နောက်ဆုံး အကူအညီသတင်းကို NBC News သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ဘိုင်ဒင် အစိုးရသည် အမြောက်ကြီးများ၊ အမြောက်ဆန်များ၊ သံချပ်ကာယာဉ်များနှင့် မောင်းသူမဲ့ ကမ်းတက်ယာဉ်များအပါအဝင် ထပ်တိုး စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ ဖိုးကို ယူကရိန်းအတွက် ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ အကြီးစားလက်နက် အမျိုးအစားသစ်များအပါအဝင် ယူကရိန်းသို့ စစ်ရေးအကူအညီကို ချဲ့ထွင်ကာ ပေးပို့ခြင်းပဲ ဖြစ်သည်။ 

ယခု သီတင်းပတ် စစ်ရေးအကူအညီသည် မျှော်လင့်ထားသည့်အတိုင်း ပမာဏကြီးမားမည်ဆိုပါက ဖေဖော်ဝါရီလအတွင်း ရုရှ ကျူးကျော်ချိန်မှစပြီး ယူကရိန်းအား အမေရိကန်၏ စစ်ရေးအကူအညီ ပမာဏစုစုပေါင်းသည် ဒေါ်လာ သုံး ဘီလီယံကျော် ရှိလာမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly