“ကြေညာချက်တွေက လက်ရှိအချိန်အထိ အသက်ဝင်နေသေးတဲ့ အတွက် လိုက်နာပေးကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ခိုင်လေး နှင့် အင်တာဗျူး

“ကြေညာချက်တွေက လက်ရှိအချိန်အထိ အသက်ဝင်နေသေးတဲ့ အတွက် လိုက်နာပေးကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ခိုင်လေး နှင့် အင်တာဗျူး

ဧပြီလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့ နန်းဖာလုံ (ထခွဲ) ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ ခမရ (၁၀၁)  တပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၁) နှင့် (၂) မှ ဖွဲ့စည်းထားသော ကွန်မန်ဒို ပူးပေါင်း တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ် အပါဝင် လေးဉီး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၇ ရက် ည ၇ နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး ငါးမိနစ်ကြာ တိုက်ပွဲဖြစ်ပွားရာ ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ခိုင်လေး အား မဇ္ဈိမမှ ဆက်သွယ် မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required