ဆမ်ဒိုးရီးယားနောက်ခံလူ ဇူကာနိုဗစ်ကို ရိုးမား ခေါ်ယူ

ဆမ်ဒိုးရီးယားနောက်ခံလူ ဇူကာနိုဗစ်ကို ရိုးမား ခေါ်ယူ

ရောမ၊ ဇန်နဝါရီ ၂၉ ။             ။ လက်ကျန်ရာသီဝက်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရိုးမားအသင်းသည် ဆမ်ဒိုးရီးယားအသင်းမှ နောက်ခံကစားသမား ဇူကာနိုဗစ်ကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ရိုးမားအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီပြီးနောက်တွင် ဇူကာနိုဗစ်က အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့သည်မှာ အလွန်မြန်ဆန်ခဲ့ကြောင်း ပြောသည်။

ဇူကာနိုဗစ်ကို ဂျာမန်ကလပ် စတုဂတ်အသင်းက ခေါ်ယူရန် နီးစပ်မှုများ ရှိခဲ့သော်လည်း ရိုးမားအသင်းက လက်ဦးမှု ရယူသွားခဲ့ခြင်း ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဘော့စနီးယားလက်ရွေးစင် နောက်ခံလူ ဇူကာနိုဗစ်ကို ရိုးမားအသင်းက ယူရို ၁ ဒသမ ၅ သန်းတန်ဖိုးရှိ အငှားစာချုပ်ဖြင့် ခေါ်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ခြေစွမ်းကို နှစ်သက်ပါက ရာသီအကုန်တွင် ယူရို ၂ ဒသမ ၅ သန်းတန်ဖိုးရှိ အပြီးသတ် စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။ ဇူကာနိုဗစ်သည် နောက်ခံအတွင်းလူအဖြစ် ကစားနိုင်သလို နောက်ခံဘယ်အစွန်လူအဖြစ်လည်း ကစားနိုင်သူ ဖြစ်သည်။

'ညှိနှိုင်းဆွေးနွေးမှုက အလွန်မြန်ဆန်ခဲ့ပါတယ်' ဟု ဇူကာနိုဗစ်က ရိုးမားအသင်း၏လေ့ကျင့်ရေးကွင်းတွင် ပြောဆိုခဲ့သည်။

ရည်ညွှန်း ဖွတ်ဘောအီတာလီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly